DVB Logo
Home
မြန်မာသတင်း
တန့်ဆည်နှင့်ယင်းမာပင်တွင် စစ်ယာဉ်တန်းများ မိုင်းဆွဲတိုက်ခိုက်ခံရ၊ အနည်းဆုံး ၁၅ ဦးခန့်သေဆုံး
DVB
·
November 21, 2021
တန့်ဆည်နှင့်ယင်းမာပင်တွင် စစ်ယာဉ်တန်းများ မိုင်းဆွဲတိုက်ခိုက်ခံရ၊ အနည်းဆုံး ၁၅ ဦးခန့်သေဆုံး
1 / 4
Donate to DVB

စစ်ကိုင်းတိုင်း၊ တန့်ဆည်နဲ့ ယင်းမာပင်မြို့နယ်တို့မှာ နိုဝင်ဘာ ၁၉ နဲ့ ၂၀ ရက်နေ့တွေက စစ်ကောင်စီတပ် ယာဉ်တန်းတွေ မိုင်းခွဲတိုက်ခိုက်ခံရတာကြောင့် အနည်းဆုံး ၁၅ ဦးလောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

တန့်ဆည်မြို့နယ် ကဘဲရွာမှာ PDF အမည်ခံပြီး အကြမ်းဖက်လုယက်နေသူတွေကို နိုဝင်ဘာ ၂၀ ရက် ညနေ ၃ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ Local PDF တွေ ပူးပေါင်းတိုက်ခိုက်နှိမ်နင်းနေစဉ် တန့်ဆည်ဘက်က တပ်ကူလာတဲ့ စစ်ကားကို ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (Taze) က ထုတ်ပြန်ထားပါတယ်။

Taze တာဝန်ရှိသူတဦးက “ကဘဲရွာက ပျူစောထီးတွေနဲ့ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်နေတုန်း တပ်ကူလာတဲ့ စစ်ကားတစ်စီးကို ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်လိုက်တာ။ နှစ်ယောက်ပဲဆင်းပြီး ရမ်းသမ်းပစ်ခတ်နေတာ လေးယောက်က မဆင်းနိုင်တော့ဘူး၊ ကားလည်းမောင်းမရတော့ဘူး လူမှုကူညီရေးကားနဲ့ လာခေါ်သွားကြတယ်” လို့ ပြောပါတယ်။

ညနေ ၄ နာရီခွဲလောက်မှာလည်း တန့်ဆည်မြို့ပညာရေးမှူးရုံးအနီး စစ်ဆေးရေးလုပ်နေတဲ့ စစ်အုပ်စုကို မိုင်းဆွဲရာ ၂ ဦး သေဆုံးသွားပြီး အများအပြား ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

ကဘဲရွာက ပျူစောထီးတွေဟာ ဓားပြတိုက်တာ၊ အင်္ကုက္ကားရွာက အပြစ်မဲ့ပြည်သူ ၄ ဦးကို သတ်ဖြတ်ပြီး PDF ဆိုပြီး အမည်ခံနေတဲ့အတွက် PDF တပ်ပေါင်းစုတွေက သွားရောက်နှိမ်နင်းခဲ့တာလို့ ဆိုပါတယ်။

ကဘဲရွာက အပြန်အလှန်ပစ်ခတ်မှုမှာ  ပျူစောထီးအဖွဲ့ဝင်တွေလည်း သေဆုံး ဒဏ်ရာရခဲ့ကြပြီး PDF တပ်ပေါင်းစုတွေဘက်ကတော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဖိုလ်ဝင်​တောင်လမ်းခွဲအ​နောက်မှာလည်း နိုဝင်ဘာ ၁၉ ရက်​က စစ်​ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာကြောင့် ၉ ဦးထက်မနည်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ယင်းမာပင်ဘက်က​နေ ​မုံရွာဘက် မောင်းနှင်ချီတက်လာတဲ့ စစ်​ကောင်စီကယာဉ်တန်း ဖိုလ်ဝင်​တောင်လမ်းခွဲရဲ့အ​နောက်ဘက် နှစ်ထပ်​ကွေ့ အ​ရှေ့ဘက်အတက်မှာ မိုင်းဆွဲခံလိုက်ရတာလို့ သိရပါတယ်။ 

“မိုင်း ၉ လုံးဆင်ထား​သော်လည်း ၅ လုံးသာ ​ဖောက်ခွဲနိုင်ခဲ့ပြီး ​​ရှေ့​ပြေးကား ၂ စီးနဲ့ မိုင်းရှင်း​လေးအဖွဲ့ ​​တွေ ထိမှန်ခဲ့တယ်။​ နောက်မှာကျန်တဲ့ ကားတန်းကိုခွဲဖို့ ချန်ထားတဲ့ မိုင်း ၄ လုံးက​တော့ ​စစ်​ကောင်စီ တပ်​တွေရဲ့ဖြုတ်သိမ်းသွားတာ ခံလိုက်ရတယ်” လို့ ဖောက်ခွဲ​ရေးမှာပါဝင်သူတစ်ဦးက ​ပြောပါတယ်။
အခုလို မိုင်းဆွဲတိုက်ခိုက်တာကို ​ဒီမိုကရက်တစ်​ပြောက်ကျားတပ်ဖွဲ့(​အောက်ချင်းတွင်း)က  ဦး​ဆောင်ပြီး ဗျတ္တ​ပြောက်ကျားတပ်ဖွဲ့၊ ​မြွေ​ဟောက်​​ပြောက်ကျားတပ်ဖွဲ့နဲ့ ​ဒေသခံ ပြည်သူ့ကာကွယ်​ရေးအဖွဲ့​တွေ ပူးပေါင်း​ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။

တန့်ဆည်နဲ့ ယင်းမာပင်မြို့နယ်တို့မှာ စစ်ယာဉ်တန်းတွေ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာမှုအခြေအနေကိုတော့ ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013