DVB Logo
Home
မြန်မာသတင်း
သထုံခရိုင်တွင် ကေအန်ယူနှင့်တိုက်ပွဲဖြစ်ပြီး BGF ၁၀ ဦးသေ၊ ၅ ဦးဒဏ်ရာရ
DVB
·
November 20, 2021
သထုံခရိုင်တွင် ကေအန်ယူနှင့်တိုက်ပွဲဖြစ်ပြီး BGF ၁၀ ဦးသေ၊ ၅ ဦးဒဏ်ရာရ
Donate to DVB

ကေအန်ယူ တပ်မဟာ ၁ နယ်မြေ သထုံခရိုင် ဘားအံမြို့နယ်မှာ ကေအန်ယူနဲ့ နယ်ခြားစောင့်တပ် (BGF)တို့ တိုက်ပွဲဖြစ်ပွားရာမှာ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၀ ဦးကျဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူက နိုဝင်ဘာ ၁၉ ရက်မှာ  သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာလ ၁၇ ရက် မနက် ၁ နာရီလောက်က ဘားအံမြို့နယ်၊ မဲသနကျေးနယ်အုပ်စု ကျော်ကေခီးကျေးရွာအနီးမှာ အမှတ် ၉၉၉ နယ်ခြားစောင့်တပ်မ၊ အမှတ် ၃ တပ်နယ်မှူး စောလိုက်သိန့်ဦးဆောင်တဲ့ ယာဥ်တန်းကို KNLA တပ်ရင်း ၁ က ပစ်ခတ်တိုက်ခိုက်ရာမှာ VIGO ယာဥ်ပေါ်လိုက်ပါလာတဲ့ BGF  တပ်ဖွဲ့ဝင် ၇ ဦးကျဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့သလို မော်တော်ယာဥ် ၂ စီး ပျက်စီးခဲ့ပါတယ်။၏

အလားတူ မွန်းလွဲ ၂ နာရီကျော်လောက်က ကျော်ကေ့ခီးကျေးရွာနှင့် ဖလံတောင် ကျေးရွာအကြား နို့ပနားပူ ကားလမ်းမပေါ်မှာ အမှတ် ၉၉၉ နယ်ခြားစောင့် တပ်မယာဉ်တန်းကို KNLA တပ်ရင်း ၁ က ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ဒုတပ်ရင်းမှူးစောကျော်ဖော အပါအဝင် ၃ ဦးကျဆုံးပြီး မော်တော်ယာဥ် တစ်စီးပျက်စီးခဲ့ပါတယ်။

ဘားအံမြို့နယ်၊ ကျော်ကေ့ခီကျေးရွာသားတစ်ဦးက"တိုက်ပွဲကတော့ နေ့တိုင်းဖြစ်တယ်။ ၁၇ ရက်နေ့က BGF က နယ်မြေကျော်လာလို့ နယ်မြေခံလက်နက်ကိုင်တွေနဲ့ဖြစ်တာ။ BGF ကနယ်ကျော်တော့ အပစ်ခံရတာ။ သေတာတော့ ကြားတယ်။ ဘယ်နှယောက်လဲ သေချာမသိဘူး။ ရွာက လူတွေ BGF လာမယ်သတင်းကြားရင် အရင်ထွက်ပြေးတိမ်းရှောင်နေရတယ်"လို့ ဆိုပါတယ်။

KNUတပ်မဟာ ၁ ထိန်ချုပ်နယ်မြေအတွင်း အမှတ် ၉၉၉. တပ်မ တပ်နယ်မှူး စောလိုက်သိန့်ဦးဆောင်တဲ့ BGF တပ်ဖွဲ့ဝင်တွေဟာ ကျူးကျော်ဝင်ရောက်ပြီး စစ်ရေးလှုပ်ရှားရာမှာ ဒေသခံပြည်သူတွေကို လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးမျိုး ကျူးလွန်နေတယ်လို့လည်း KNU ကထုတ်ပြန်ပြောပါတယ်။

အ​ကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ  BGF တပ်ကို KNU က ပစ်ခတ်တိုက်ခိုက်ရင် ကျေးရွာတွေအတွင်း ပြန်လည်ပစ်ခတ်သွားမယ်လို့ ၁၀၁၄ တပ်ရင်းက ဗိုလ်တင်ဝင်းနဲ့ ၊ ဗိုလ်ကြိမ်လုံးတို့က နိုဝင်ဘာ ၁၇ ရက်က လေးကေ BGF တပ်စခန်းမှာ ကျေးရွာရပ်မိရပ်ဖတွေကို ခေါ်ယူခြိမ်းခြောက်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013