DVB Logo
Home
မြန်မာသတင်း
DVB အယ်ဒီတာချုပ်အပါအဝင် ၄ ဦးကို CPJ က နိုင်ငံတကာသတင်းလွတ်လပ်ခွင့်ဆု ချီးမြှင့်
DVB
·
November 19, 2021
DVB အယ်ဒီတာချုပ်အပါအဝင် ၄ ဦးကို CPJ က နိုင်ငံတကာသတင်းလွတ်လပ်ခွင့်ဆု ချီးမြှင့်
1 / 3
Donate to DVB

DVB အယ်ဒီတာချုပ်အပါအဝင် မြန်မာ၊ ဘယ်လာရုစ်၊ ဂွါတီမာလာနဲ့ မိုဇမ်ဘစ်နိုင်ငံတို့က သတင်းသမား ၄ ဦးတို့ကို  အမေရိကန်အခြေစိုက် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) က  ၂၀၂၁ ခုနှစ်အတွက် နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်ဆုချီးမြှင့်လိုက်ပါတယ်။

မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၉ ရက်နေ့မနက်ပိုင်း (ဒေသစံတော်ချိန် နိုဝင်ဘာ ၁၈ ရက်ညပိုင်း) မှာ   အွန်လိုင်းက နေကျင်းပတဲ့ CPJ ရဲ့ နှစ်ပတ်လည်အခမ်းအနားမှာ ဆုချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

ဆုချီးမြှင့်ခံရတဲ့ သတင်းသမား ၄ ယောက်ကတော့ မြန်မာနိုင်ငံက ဒီမိုကရက်မြန်မာ့အသံ (DVB) သတင်းဌာနရဲ့ တည်ထောင်သူတစ်ဦးဖြစ်တဲ့ အယ်ဒီတာချုပ် ဦးအေးချမ်းနိုင်၊  ဘယ်လာရုစ်နိုင်ငံက သတင်းထောက် ဘာရီဆီဗစ်ရှ် ၊  ဂွာတီမာလာက ရေဒီယိုဂျာနယ်လစ် အန်နက်စတာစီရာ မီဂျီရာနဲ့ မိုဇမ်ဘစ်နိုင်ငံက  စုံစမ်းထောက်လှမ်းအပတ်စဉ်သတင်းစာ Canal de Moçambique ရဲ့ အမှုဆောင်အယ်ဒီတာ မာတီရက်စ် ဂူအန်တီ  တို့ဖြစ်ပါတယ်။

အဆိုပါ သတင်းသမားတွေဟာ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ နိုင်ငံရေး မငြိမ်မသက် ကသောင်းကနင်း ဖြစ်ချိန် ဆန္ဒပြပွဲတွေမှာ သမိုင်းဝင် ပဋိပက္ခအချိန်ကာလတွေမှာ သတင်းတွေထုတ်လွှင့် ပေးပို့ခဲ့ကြသူတွေဖြစ်တယ်လို့ CPJ က ကြေညာထားပါတယ်။

CPJ အမှုဆောင်ဒါရိုက်တာ ဂျိုးလ်ဆိုင်မွန်ကတော့ ဆုရရှိတဲ့ သတင်းသမားတွေဟာ သူ့တို့ရဲ့ အသက်တွေနဲ့ လွတ်လပ်မှုတွေကို စွန့်စားပြီး ကျနော်တို့ဆီကိုသတင်းတွေ သယ်ဆောင်လာ ပေးခဲ့သူတွေဖြစ်တဲ့အကြောင်း အနှောင့်အယှက်တွေ၊ ဆုံးရှုံးမှုတွေ၊ စိတ်နှလုံး မချမ်းမြေ့စရာတွေ ရှိနေပေမဲ့  လွတ်လပ်တဲ့လူ့အသိုက်အဝန်းတခု၊ လွတ်လပ်တဲ့ လူတယောက်ဟာ လွတ်လပ်တဲ့ မီဒီယာတခု လိုအပ်တယ်လို့ အမြဲယုံကြည်ပါတယ်လို့ ဆုပေးပွဲအခမ်းအနား ရုပ်သံမှာ ပြောပါတယ်။

အခုလို ဆုရရှိတဲ့အပေါ် DVB အယ်ဒီတာချုပ် ဦးအေးချမ်းနိုင်က “မြန်မာပြည်မှာ အခုစစ်အာဏာရှင်က သတင်းထောက်တွေကို ဖမ်းဆီးထောင်ချနေတယ်၊ လွတ်လပ်စွာ သတင်းရေးသားခွင့်ကို ပိတ်ဆို့ ကန့်သတ်နေတယ်၊ လွတ်လပ်တဲ့ မီဒီယာအဖွဲ့အစည်းတွေကို ဖျက်သိမ်းနေတယ်။ အဲလိုအခြေအနေမျိုးမှာ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) အဖွဲ့က ခုလို ဆုပေးတဲ့အတွက်ကြောင့် နိုင်ငံတကာက ပိုပြီးတော့ မြန်မာပြည်သတင်းလွတ်လပ်ခွင့်အတွက် ပိုပြီး ဖိအားပေးလာနိုင်မယ်မျှော်လင့်ပါတယ်။” လို့ ပြောပါတယ်။

ကမ္ဘာတဝန်းမှာ ဖမ်းဆီးခံရတဲ့ သတင်းထောက်အရေအတွက် ပြီးခဲ့တဲ့နှစ်က  ၂၇၀ ကျော် ရှိပြီး  အခုနှစ်မှာ သေဆုံးသူ အယောက် ၂၀ ရှိတယ်လို့  CJP က ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက် သတင်းသမား  ၁၀၀ လောက်ဖမ်းဆီးခံရပြီး တချို့ပြန်လွတ်လာပေမဲ့ အကျဉ်းထောင်ထဲမှာ အယောက် ၂၀ လောက်ကျန်နေသေးတယ်လို့လည်း    CJP က ထုတ်ပြန်ထားပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013