DVB Logo
Home
မြန်မာသတင်း
The Zero အဖွဲ့က တော်လှန်ရေးရန်ပုံငွေ အွန်လိုင်းဂီတဖျော်ဖြေပွဲ ကျင်းပမည်
DVB
·
November 18, 2021
The Zero အဖွဲ့က တော်လှန်ရေးရန်ပုံငွေ အွန်လိုင်းဂီတဖျော်ဖြေပွဲ ကျင်းပမည်
Donate to DVB

ထိမိတဲ့ သီချင်းတေးသွားစာသားတွေ၊ တမူထူးခြားတဲ့ သီဆိုဟန်တွေနဲ့ ပရိသတ်တွေ ကြား နာမည်ကြီးတဲ့ The Zero အဖွဲ့က တော်လှန်ရေးရန်ပုံငွေ အွန်လိုင်းဂီတဖျော်ဖြေပွဲတခုကို ကျင်းပသွားဖို့ ကြေညာထားပါတယ်။

ဒီပွဲကိုတော့ လာမယ့် နိုဝင်ဘာ ၂၈ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး လက်မှတ်ခကိုတော့ စင်ကာပူဒေါ်လာ ၁၅ ဒေါ်လာ၊ အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာနဲ့ မြန်မာငွေ ကျပ် ၁၅,၀၀၀ အသီးသီး သတ်မှတ်ထားတာ ဖြစ်ပြီး လက်မှတ်စရောင်းမယ့်နေ့နဲ့ အသေးစိတ်ကို မကြာခင်ကြေညာပေးသွားမယ်လို့ ဆိုပါတယ်။

“ဒီပွဲကနေရရှိသမျှ အကျိူးအမြတ် ၁၀၀ % ကို Care and Courage ကနေတဆင့် လိုအပ် သည့် နေရာများကို လှူဒါန်းသွားမှာပါ။ ကျတော်တို့ သီချင်းလေးတွေ Live နားထောင်ရင် လှုပေးကြပါဉီးခင်ဗျာ 🙏🏻 We Love you , Zero Addicts ❤️”

The Zero အဖွဲ့ဟာ လွန်ခဲ့တဲ့ နှစ်အတန်ကြာကာလ ကတည်းက ထင်ရှားတဲ့ မြန်မာသီ ချင်းတွေရော၊ နိုင်ငံခြားသီချင်းတွေကိုပါ ကာဗာအနေနဲ့ သီဆိုခဲ့ရာကနေ နောက်ပိုင်းမှာ တော့ တဖြည်းဖြည်း ပရိသတ်တွေ သတိပြုမိလာခဲ့ကြတာဖြစ်ကာ ကိုယ်ပိုင်သီချင်းသစ်တွေနဲ့အတူ ဂီတအနုပညာ လှုပ်ရှားမှုတွေ လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။

သူတို့အဖွဲ့ရဲ့ One ၊ TO THE MOON AND BACK စတဲ့ တကိုယ်တော်တေးအယ်လ်ဘမ် တွေ ထွက်ရှိထားခဲ့ပြီဖြစ်ကာ Dear Crush ၊ ချိန်း၊ Lovely Wedding Day ၊ ပြာ ၊ Lumiere စတဲ့ သီချင်းတွေကတော့ သူ့ပရိသတ်တွေကြား ထင်ရှားတဲ့ သီချင်းတွေ ဖြစ်ပါတယ်။

မြန်မာ့နွေဦးတော်လှန်ရေး ၉ လခွဲကျော်ကာလအတွင်း စစ်အာဏာရှင်ဆန့်ကျင်တော် လှန်ရေးမှာ တိုက်ပွဲဝင်နေကြတဲ့ ပြည်သူတွေနဲ့အတူ ရုပ်ရှင်၊ ဂီတအနုပညာရှင်တွေဟာလည်း ကျရာကဏ္ဍအသီးသီးကနေ တတပ်တအား ပါဝင်နေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013