DVB Logo
Home
မြန်မာသတင်း
NUG က ထုတ်ဝေသည့် အထူးငွေတိုက်စာချုပ်များ ကန်ဒေါ်လာ ၁၀၀ မှစတင်ဝယ်ယူနိုင်
DVB
·
November 17, 2021
NUG က ထုတ်ဝေသည့် အထူးငွေတိုက်စာချုပ်များ ကန်ဒေါ်လာ ၁၀၀ မှစတင်ဝယ်ယူနိုင်
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က နွေဦးတော်လှန်ရေး အထူးငွေတိုက်စာချုပ်တွေကို လာမယ့် နိုဝင်ဘာ ၂၂ ရက်မှာ စတင်ထုတ်ဝေရောင်းချသွားမယ်လို့ ထုတ်ပြန်ကြေညာထားပြီး အမေရိ ကန်ဒေါ်လာ ၁၀၀ တန်ကနေ စတင်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

NUG အစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန ဝန်ကြီး ဦးတင်ထွန်းနိုင်က လက်မှတ်ရေးထိုးထုတ်ပြန်လိုက်တဲ့ အဆိုပါ ကြေညာချက်မှာတော့ ငွေတိုက်စာချုပ် တွေကို အမေရိကန်ဒေါ်လာ ၁၀၀၊ ၅၀၀၊ ၁၀၀၀၊ ၅၀၀၀ တန်အမျိုးအစား ၄ မျိုးနဲ့ အတိုးမဲ့ ထုတ်ဝေရောင်းချသွားမယ်လို့ ဆိုပါတယ်။

ငွေတိုက်စာချုပ်တွေရဲ့ သက်တမ်းကိုတော့ ၂ နှစ်သတ်မှတ်ထားပြီး သက်တမ်းစေ့ရောက် တဲ့ အချိန်မတိုင်ခင်မှာ တဆင့်ပြန်လည်လွှဲပြောင်း၊ ရောင်းချ၊ ဝယ်ယူခွင့်ပြုမှာမဟုတ်ဘဲ သက်တမ်းစေ့ပြီးနောက်မှသာ သတ်မှတ်စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဆောင်ရွက်ပိုင်ခွင့်ရှိမှာ ဖြစ်ပါတယ်။

သက်တမ်းစေ့ရောက်လို့ ပြန်လည်ရွေးနုတ်တဲ့အခါမှာလည်း ဝယ်ယူချိန်က အသုံးပြုထား တဲ့ နာမည်နဲ့ သက်သေခံကတ်ပြားအမှတ်တွေကို မှန်ကန်ကိုက်ညီကြောင်း အထောက်အ ထားတင်ပြနိုင်သူကိုသာ ပြန်လည်ရွေးနုတ်ခွင့်ပြုမယ်လို့ ဆိုပါတယ်။

အခုလို အထူးငွေတိုက်စာချုပ်တွေကို တော်လှန်ရေးအစိုးရတရပ်က အတိုးမဲ့ ထုတ်ဝေ ရောင်းချတာဟာ ကမ္ဘာ့သမိုင်းမှာတော့ ပထမဆုံးအကြိမ်ဖြစ်လာခဲ့ပြီး ဖက်ဒရယ်ဒီမိုကရေ စီစနစ်ကို လိုလားတဲ့ မြန်မာပြည်သူတွေက စစ်အာဏာရှင်ကို အဆုံးစွန် ဆန့်ကျင်အာခံ တော်လှန်ခဲ့တဲ့ သမိုင်းမော်ကွန်းအဖြစ် ခမ်းနားစွာထင်ရှား ကျန်ရစ်ခဲ့မှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ မြန်မာ့မြေပေါ်ကနေ စစ်အာဏာရှင်စနစ် အပြီးတိုင် ပျောက်ကွယ်ချုပ်ငြိမ်း သွားစေရေးကို ပြင်းပြတဲ့ဆန္ဒနဲ့ လိုလားတောင့်တကြသူတိုင်း နွေဦးတော်လှန်ရေး အထူး ငွေတိုက်စာချုပ်တွေကို တော်လှန်ရေး အောင်စိတ်နဲ့ မဖြစ်မနေ ဝယ်ယူကြဖို့လည်း  မေတ္တာရပ်ခံတိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013