DVB Logo
Home
မြန်မာသတင်း
အခြေခံပညာကျောင်းသားများသမဂ္ဂ ဖွဲ့စည်း
DVB
·
November 17, 2021
အခြေခံပညာကျောင်းသားများသမဂ္ဂ ဖွဲ့စည်း
Donate to DVB

စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအပါအဝင် မူဝါဒ ၆ ချက်နဲ့ အခြေခံပညာကျောင်းသား များသမဂ္ဂ-အကသ(ဗကသများအဖွဲ့ချုပ်)ကို နိုဝင်ဘာ ၁၆ ရက်မှာ ဖွဲ့စည်းကြောင်း  ကြေညာပါတယ်။

ထုတ်ပြန်ချက်ထဲမှာတော့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ ၈ ကြိမ်မြောက် ညီလာခံမှာ အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ နယ်ချဲ့ဆန့်ကျင်ရေး(ဝါ)အမျိုးသားရေး၊ ဒီမိုကရေစီရေး(ဝါ)စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီပညာရေး၊ ကျောင်းသားထုအခွင့်အရေးကာကွယ်ရေး၊ နိုင်ငံတကာကျောင်းသားများနှင့် သွေးစည်းညီ ညွတ်ရေးစတဲ့ မူဝါဒ ၆ ချက်နဲ့အညီ ဖွဲ့စည်းအုပ်ချုပ်ပုံ စည်းမျဉ်းဉပဒေနဲ့ လက်ခံချက် ၃ ရပ်ကို လက်ခံစွဲကိုင်ကာ ကျောင်းသားထုအကျိုးနဲ့ ပြည်သူလူထုအကျိုးကို သယ်ပိုး ဆောင်ရွက်သွားမယ်လို့ ဖော်ပြပါတယ်။

အခြေခံပညာကျောင်းသားများသမဂ္ဂ-အကသ(ဗကသများအဖွဲ့ချုပ်)မှာတော့ ဉက္ကဋ္ဌ အဖြစ် မသွန်းသီရိသူနဲ့ ဒုဉက္ကဋ္ဌတွေအဖြစ် ကိုထွန်းနိုင်၊ ကိုကြည်မင်းတို့က တာဝန်ယူထားကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013