DVB Logo
Home
မြန်မာသတင်း
မင်းကင်းမြို့နယ်တွင် ရွာသားသုံးဦးကို ပျူစောထီးနှင့် စစ်ကောင်စီတပ်က ပစ်သတ်
DVB
·
November 16, 2021
မင်းကင်းမြို့နယ်တွင် ရွာသားသုံးဦးကို ပျူစောထီးနှင့် စစ်ကောင်စီတပ်က ပစ်သတ်
Donate to DVB

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ အနောက်တောကျေးရွာက အပြစ်မဲ့ရွာသား ၃ ဦးကို ပန်းဆက်ကျေးရွာက ပျူစောထီးနဲ့ စစ်ကောင်စီ ပူးပေါင်းတပ်က နိုဝင်ဘာ ၁၅ ရက်နေ့မနက်ပိုင်းက ဖမ်းဆီးခေါ်ဆောင်ပြီး မင်းကင်း-ကနီ ကားလမ်မကြီးအနီး တဲတောလမ်းခွဲမှာ ပစ်သတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံပြည်သူတစ်ဦးက “ကျနော်တို့ရွာက လူတွေပါဗျာ။ သူတို့ ဖမ်းခေါ်သွားပြီး ဦးခေါင်းတွေကို သေနတ်နဲ့ တေ့ပစ်သွားကြတာ။ ဦးခေါင်းထဲက ဦးနောက်တွေ တစ်ခုမှတောင် မရှိတော့ဘူးဗျာ။ နောက်ပြီး လက်ပြန်ကြိုးတွေတုပ်ပြီး ပစ်သတ်ခံရတာ။ အခုလို မြင်တွေ့ရတာ စိတ်မကောင်းဘူးဗျာ။ ဒီကောင်တွေ အပြစ်မဲ့တဲ့လူတွေ ဒီလို ဖမ်းဆီးသတ်ဖြတ်တာ မကောင်းပါဘူး။ လက်နက်အားကိုး အနိုင်ထက်စီးနင်းလုပ်နေတာ ဘယ်သူမှ တာဝန်မယူနိုင်ကြတော့ဘူးလားဗျာ။ လက်နက်ကိုင်အချင်းချင်းမတိုက်ဘဲ  ဒီလိုမျိုး ဘာမဆိုင် ညာမဆိုင်တဲ့သူတွေ လိုက်သတ်နေတာ စစ်ကောင်စီရဲ့ လက်ပါးစေတပ်တွေက။ ကျနော်တို့ ဘဝတွေကတော့ ပြေးစရာမြေမရှိ ဘဝတွေ ဖြစ်နေပါပြီဗျာ” လို့ ပြောပါတယ်။

က​လေးခရိုင် မင်းကင်းမြို့နယ်မှာ နိုဝင်ဘာ ၁၅ ရက်မနက် ၁၀ နာရီ​လောက် ​ကျောက်ခဲတက်​ကျေးရွာဘက်က​နေ ချီတက်လာတဲ့ စစ်ကောင်စီတပ်ကို ဒေသခံ PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် အနီးအနား အနောက်တောကျေးရွာက အပြစ်မဲ့ပြည်သူ ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်ပြီး သတ်ပစ်ခဲ့တာလို့ ဆိုပါတယ်။

ပန်းဆက်ကျေးရွာက ပျူစောထီးတပ်နဲ့ စစ်ကောင်စီတပ်ဟာ အောက်တိုဘာလအတွင်းကလည်း လောင်းပြည့်ကျေးရွာက ဒေသခံ ၆ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013