Home
မြန်မာသတင်း
ပဲခူးတိုင်း မိုးညိုမြို့တွင် ၂ နေရာ ဗုံးကွဲ
DVB
·
November 15, 2021
257549532_1218103525350322_7909712124569038387_n
257916103_1218102638683744_4631380717422557626_n

ပဲခူးတိုင်းအနောက်ပိုင်း၊ မိုးညိုမြို့မှာ အုပ်ချုပ်ရေးမှူးရုံးအနီးနဲ့ အ.ထ.ကကျောင်းရှေ့တွေမှာ နိုဝင်ဘာ ၁၅ ရက် ဒီနေ့ မနက်ပိုင်းအစောပိုင်းက ဗုံး ၂ လုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

မိုးညိုမြို့နယ်၊ သခင်လှရှိန်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးမှာ ဒီမနက် ၃ နာရီခွဲဝန်းကျင်မှာ ပထမအကြိမ် ဗုံးပေါက်ကွဲခဲ့တာဖြစ်တာဖြစ်ပြီး မနက် ၄ နာရီဝန်းကျင်မှာတော့ ဇောတိကရပ်ကွက် မှာရှိတဲ့ အ.ထ.က စာသင်ကျောင်းကျောင်းရှေ့မှာ ထပ်မံပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မိုးညိုမြို့ခံတဦးက ''ဗုံးပေါက်သံတွေက မြေကြီးတောင်တုန်တယ်။ အုပ်ချုပ်ရေးမှူးရုံးနားက ကွမ်းယာဆိုင်တော့ပျက်စီးသွားတယ်။ အဲ့ရပ်ကွက်အုပ်ကြီးက ပြည်ခိုင်ဖြိုးကလုပ်ခဲ့တာ တပ်ထောက်ခံပွဲမှာ ဆိုင်းဘုတ်ကိုင်ပြီး ပါဝင်ခဲ့ဘူးတယ်လေ'' လို့ ပြောပြပါတယ်။

ဒုတိယအကြိမ် ဗုံးပေါက်ကွဲခဲ့တဲ့ အ.ထ.က ကျောင်းမှာတော့ အပျက်အစီးမရှိပါဘူး။ ဗုံးပေါက်ကွဲမှုတွေအပြီးမှာတော့ စစ်ကောင်စီတပ်သားတွေက မိုးညိုမြို့နယ်ကို မနက်စောစောစျေးရောင်းချဖို့လာတဲ့ တောစျေးသည်တွေကို စစ်ဆေးနေလို့ စျေးသည်တွေ ရောင်းကုန်ပစ္စည်းတွေ ရောင်းမကုန်ဘဲ ပြန်သွားကြရပါတယ်။

အဆိုပါ ဖောက်ခွဲမှုတွေကိုတော့ ဘယ်အဖွဲ့အစည်းကပြုလုပ်ခဲ့တယ်ဆိုတာ ထုတ်ပြန်ထားတာမတွေ့ရှိရသေးပါဘူး။

မိုးညိုမြို့နယ်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာအနိုင်ရရှိခဲတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်ကိုလည်း စစ်ကောင်စီက ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲပြီး ထောင် ၃ နှစ် ချမှတ်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024