DVB Logo
Home
မြန်မာသတင်း
ရေစကြို၊ ပခန်းငယ်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးညီနောင်မဟာမိတ် ၄ ဖွဲ့က ဝင်ရောက်စီးနင်း တိုက်ခိုက် မီးရှို့
DVB
·
November 13, 2021
ရေစကြို၊ ပခန်းငယ်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးညီနောင်မဟာမိတ် ၄ ဖွဲ့က ဝင်ရောက်စီးနင်း တိုက်ခိုက် မီးရှို့
1 / 3
Donate to DVB

မကွေးတိုင်း၊  ရေစကြိုမြို့နယ်၊ ပခန်းငယ်ရဲစခန်းကို နိုဝင်ဘာ ၁၃ ရက် ဒီနေ့ နေ့လယ်ပိုင်းက  ညီနောင်မဟာမိတ် ၄ ဖွဲ့ပူးပေါင်းတိုက်ခိုက်  မီးရှို့ဖျက်ဆီးခဲ့ပြီး လက်နက်တွေပါ သိမ်းဆည်းရမိခဲ့တယ်လို့ ရေစကြို PDF တပ်ဖွဲ့ကနေ သိရပါတယ်။

ရေစကြိုမြို့နယ် ပခန်းငယ်ရဲစခန်းကို ဒီနေ့ မွန်းလွဲ ၁ နာရီလောက်က ရေစကြိုPDF၊ ရေစကြို Phoenix အထူးပြောက်ကျားတပ်ဖွဲ့၊ မြင်းခြံ 27 တပ်ဖွဲ့နဲ့ သွေးသောက် တော်လှန်ရေးတပ်ဖွဲ့တို့ ပူးပေါင်းပြီးတော့ ဝင်ရောက်စီးနင်း သိမ်းပိုက်ပြီးတော့ ရဲစခန်းနဲ့ စာရွက်စာတမ်းတွေကို မီးရှို့ ဖျက်ဆီးခဲ့တာလို့ ရေစကြို PDF ခေါင်းဆောင်က ဒီဗွီဘီကိုပြောပါတယ်။

အဲဒီရဲစခန်းကို ဝင်ရောက်စီးနင်းတဲ့ အချိန်မှာ နာရီဝတ်လောက် အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီးတော့ အဲဒီစခန်းက ရဲတွေ အများအပြားဒဏ်ရာရပြီး ထွက်ပြေးတာကြောင့် ရဲစခန်းမှာရှိတဲ့ စာရွက်စာတမ်းတွေ၊ ဆိုင်ကယ် ၂စီးနဲ့ သေနတ် ၂ လက် သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ရေစကြိုမြို့နယ်ထဲမှာ ဒါ ပထမဦးဆုံး စခန်းသိမ်းတိုက်ပွဲဖြစ်ပြီးတော့ ညီနောင်မဟာမိတ်အဖွဲ့တွေက ပခန်းငယ် ရဲစခန်းကို မီးရှို့ ဖျက်ဆီးခဲ့ကြတယ်လို့ ပြောပါတယ်။

ဒီကနေ့ တိုက်ပွဲမှာ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေကို ပူးပေါင်းကူညီခဲ့ကြတဲ့ ရေစကြိုမြေအောက်တော်လှန်ရေးတပ်ဖွဲ့ ၊ KNT ပြောက်ကျားတပ်ဖွဲ့နဲ့ ရွှေလယ်ကျွန်း LPDF တပ်ဖွဲ့တွေကို ကျေးဇူးတင်တယ်လို့ ရေစကြို PDF ခေါင်းဆောင်က  ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013