DVB Logo
Home
မြန်မာသတင်း
စစ်တပ်က အကြောင်းမဲ့ပစ်သတ်ခဲ့သည့် ရာဘာခြံအလုပ်သမတဦးအပါအဝင် ကျဆုံးပြည်သူ ၁၂၆၀ နီး ပါးရှိ
DVB
·
November 13, 2021
စစ်တပ်က အကြောင်းမဲ့ပစ်သတ်ခဲ့သည့် ရာဘာခြံအလုပ်သမတဦးအပါအဝင် ကျဆုံးပြည်သူ ၁၂၆၀ နီး ပါးရှိ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၉ လကျော်အကြာ အကြမ်းဖက်စစ်တပ် ပစ် ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၁,၂၅၈ ယောက်ထိ ရှိလာခဲ့ တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၁၂ ရက်အထိ အေအေပီပီက ကောက် ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၁၀,၀၉၄ ယောက် ဖမ်းဆီးခံခဲ့ရပြီး ၇,၂၀၂ ယောက်ကတော့ လက်ရှိချုပ် နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂၈၉ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်က တော့ ၁၉၅၄ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေဒဏ်ချ မှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ဂျက်ဂါးကျေးရွာက ရာဘာခြံမှာ အလုပ်လုပ် နေတဲ့ မဝေလင်းသူကို ခလရ ၂၈၅ မှ စစ်သားတွေက နိုဝင်ဘာ ၁၁ ရက်မနက် ၃ နာရီလောက်က အကြောင်းမဲ့ ပစ်သတ်သွားခဲ့ကြောင်း သိရှိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ ရှမ်းကလုံးကျေးရွာအနီးမှာ နိုဝင်ဘာ ၇ ရက် က အကြမ်းဖက်စစ်အုပ်စုတပ်က အရပ်သား ၃ ယောက်ကို အကြောင်းမဲ့ ဖမ်းဆီးသွားခဲ့ပြီး  ၁၁ ရက်နေ့မှာတော့ သူတို့ရဲ့ ရုပ်အလောင်းတွေကို လက်ပြန်ကြိုးတုတ်၊ သေနတ်ဒဏ်ရာတွေနဲ့ လယ်တောထဲမှာ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ အဆိုပါအရပ်သား ၃ ယောက်ကတော့ ဦးစက်အောင်၊ သားဖြစ်သူ နဝမတန်းကျောင်သား မောင်ဖိုးချစ်နဲ့ ဦးမြင့်ငွေတို့ ဖြစ်ကြပါတယ်။

နိုဝင်ဘာ ၁၀ ရက်နေ့ည ၁၀ နာရီဝန်းကျင်က မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ စခန်းမကျေးရွာကို အကြမ်းဖက်စစ်အုပ်စုတပ်တွေရောက်ရှိလာခဲ့ပြီး ရွာထိပ်မှာ ဂိမ်းဆော့နေတဲ့ လူငယ်တွေကို ပစ်ခတ်ခဲ့တာကြောင့် လူငယ်တယောက်ဖြစ်တဲ့ မောင်ဝေသူ အောင်ဟာ ရင်ဘတ်နဲ့ ခြေထောက်တွေ ကျည်ထိမှန်ကာ ကျဆုံးသွားခဲ့ပြီး တခြားလူငယ် တယောက်ဖြစ်တဲ့ မောင်ဟိန်းမြတ်သူဟာလည်း ရိုက်နှက်ဖမ်းဆီးခံခဲ့ရကြောင်း သိရှိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦး တော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေ အေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီး မေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013