DVB Logo
Home
မြန်မာသတင်း
ဝမ်းတွင်းမြို့နယ်၌ ဝက်သားရောင်းသူ ၁ ဦး အသတ်ခံရ၊ ပေါက်မြို့နယ်၌ သတင်းပေးဒလန် ၁ ဦး အသတ်ခံရ
DVB
·
November 12, 2021
ဝမ်းတွင်းမြို့နယ်၌ ဝက်သားရောင်းသူ ၁ ဦး အသတ်ခံရ၊ ပေါက်မြို့နယ်၌ သတင်းပေးဒလန် ၁ ဦး အသတ်ခံရ
Donate to DVB

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်မှာ ဝက်သားဒိုင်လုပ်တဲ့ ဝက်သားသည် အမျိုးသား တယောက် နိုဝင်ဘာ ၁၂ ရက် ဒီနေ့မနက်အစောပိုင်းက သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ မြို့ခံတွေထံက  သိရပါတယ်။

သေဆုံးသူမှာ  စစ်ကောင်စီကိုသတင်းပေးဒလန်အဖြစ် နာမည်ကြီးနေတဲ့  ကိုကြယ်နီ ဖြစ်တယ်လို့ ဒေသခံ တယောက်က ပြောပါတယ်။

“ ကိုကြယ်နီက ဝက်သားဒိုင်၊ ဝက်သားရောင်းတယ်၊ အခုလည်း ရှောက်တောအုပ်စု ဥာဏ်ကန်ရွာက ကြေးဝါဘုရားကြီးစျေးနေ့မှာ ဝက်သားရောင်းနေတဲ့ ကိုကြယ်နီကို သေနတ်နဲ့ ပစ်သတ်သွားတာ။”

ကိုကြယ်နီကို ဘယ်အဖွဲ့က ပစ်ခတ်သွားတာတော့ မသိရသေးပါဘူး။ ဝမ်းတွင်းမှာ နိုဝင်ဘာ ၁၁ ရက်ကလည်း ကျောင်းထိုင်ဘုန်းကြီးတစ်ပါးနဲ့ ကျောင်းအုပ်ဆရာမတစ်ဦး ပစ်သတ်ခံခဲ့ရတာကြောင့် ၂ ရက်အတွင်း  ၃ ဦးသေဆုံးနေပြီလို့ ဒေသခံ တွေက ပြောပါတယ်။

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာလည်း စစ်ကောင်စီသတင်းပေး ဒလန်တစ်ယောက်ကို သုတ်သင်ခဲ့တယ်လို့  ပေါက်PDF တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

ပေါက်မြို့နယ် ဂွေ့ကြီးယိုရွာက စစ်ကောင်စီရဲ့ သတင်းပေး ဒလန်တင်စိုးကို နိုဝင်ဘာ ၉ ရက် ည ၇ နာရီလောက်မှာ ပေါက် PDF တပ်ဖွဲ့ကသွားရောက်သုတ်သင်ခဲ့တာဖြစ်ပြီးတော့ ရဲဘော်တွေ ဘေးကင်းလုံခြုံတဲ့နေရာကိုရောက်မှ ထုတ်ပြန်တာလို့ PPDF တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဲဒီဒလန် တင်စိုးဟာ အစောပိုင်းရက်တွေက တော်လှန်ရေး ကိစ္စတွေမှာ တက်ကြွစွာ ပါဝင်ခဲ့ပြီး PDF တွေရဲ့ အတွင်းသတင်းနှိုက်ယူကာ စစ်ကောင်စီ သတင်းပေး ဒလန်အကြီးစား လုပ်ကိုင်နေတာကြောင့် သုတ်သင်ရှင်းလင်းလိုက်တာလို့ ဆိုပါတယ်။

ဒါ့အပြင် PDF တပ်ဖွဲ့ဝင်တစ်ယောက် တိုက်ပွဲကနေ ပြန်လာတာကို မဘသ ဘုန်းကြီးတစ်ပါးနဲ့ ပေါင်းပြီးတော့ သေနတ်လုဖို့ ကြိုးစားကာ ရွာကနေ ထွက်ပြေးတိမ်းရှောင်သွားခဲ့တယ်လို့ ပြောပါတယ်။

ပြည်သူတစ်ယောက်ရဲ့ သတင်းပေးချက်အရ ဒလန်တင်စိုးဟာ ရေပြာရွာက "မေ့လက်ရာ"ထမင်းဆိုင်မှာ ပျူစောထီးအဖွဲ့ဝင် တင်အေး၊ ပြေအေးတို့နဲ့ အစည်းဝေးလုပ်နေတယ်လို့ သတင်းအတိကျရတာကြောင့် ပြန်စောင့်ပြီးတော ရွာအဝင်မှာ သုတ်သင်လိုက်တာလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013