DVB Logo
Home
မြန်မာသတင်း
သတင်းပေးဒလန်များကြောင့် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြရာတွင် ပိုမိုခက်ခဲလာ
DVB
·
April 5, 2021
သတင်းပေးဒလန်များကြောင့် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြရာတွင် ပိုမိုခက်ခဲလာ
Donate to DVB

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီကို ဆန့်ကျင် ဆန္ဒထုတ်ဖော်ရာမှာ သတင်းပေး ဒလန်တွေကြောင့် တစ်နေ့ထက်နေ့ ပိုမို ခက်ခဲလာတယ်လို့ မွန်ပြည်နယ်က ဆန္ဒထုတ်ဖော်နေတဲ့ ဦးဆောင်လူငယ်တွေက ပြောပါတယ်။

မော်လမြိုင်မှာတော့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ ဆန္ဒထုတ်ဖော်နေတာ အခုဆိုရင် ၂ လကျော် ကြာမြင့်လာခဲ့ပြီး ဖြစ်ပါတယ်။
အခုအခါမှာတော့ ဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူတွေကို အကြမ်းဖက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့က လူမဆန်စွာ ပစ်ခတ်နေတဲ့အတွက်ကြောင့် ပြောက်ကျားသပိတ်တွေ ပြုလုပ်ပြီး တော်လှန်နေတာပါ။

ဒါပေမဲ့ အခုနောက်ပိုင်းတော့ ရပ်ကွက်အတွင်းက သတင်းပေး ဒလန်တွေကြောင့် ပြောက်ကျားသပိတ်လုပ်ဖို့ပင် အခက်အခဲ ရှိနေတယ်လို့ ဆန္ဒထုတ်ဖော်နေတဲ့ ဦးဆောင်လူငယ် တစ်ဦးကပြောပါတယ်။

အကြမ်းဖက်စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဟာ ဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူတွေကို နေ့ရော ညပါ နေအိမ်တွေအတွင်း ဝင်ရောက် ဖမ်းဆီးနေသလို လမ်းတွေမှာ ပိတ်ဆို့တားဆီး စစ်ဆေးတာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

အကြမ်းဖက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှုတွေကြောင့် ဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူတွေ နေ့စဉ် အဖမ်းခံနေရတဲ့အတွက်ကြောင့် ဆန္ဒပြရာမှာ လူအင်အား လျော့နည်းတယ်လို့ ဆန္ဒထုတ်ဖော်နေတဲ့ လူငယ်တစ်ဦးကပြောပါတယ်။

မော်လမြိုင်မှာတော့ ဧပြီ ၅ ရက်နေ့အထိ အကြမ်းဖက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်း ခံလိုက်ရတဲ့ ဆန္ဒပြပြည်သူ ၁၀၀ ကျော်ထိ ရှိလာခဲ့တာပါ။

လက်ရှိမှာတော့ အကြမ်းဖက်စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးထားတဲ့ ဆန္ဒပြပြည်သူ ၆၀ ကျော်ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ထားသလို ဆန္ဒပြပြည်သူ ၃၀ ကျော်ကိုတော့ ပုဒ်မ ၁၈၈ နဲ့ အမှုဖွင့်ပြီး အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013