DVB Logo
Home
မြန်မာသတင်း
မိုးကုတ်မြို့က ပြည်သူ ၁ ဦး၏ နေအိမ်ကို စစ်ကောင်စီတပ်က ချိပ်ပိတ်
DVB
·
November 12, 2021
မိုးကုတ်မြို့က ပြည်သူ ၁ ဦး၏ နေအိမ်ကို စစ်ကောင်စီတပ်က ချိပ်ပိတ်
Donate to DVB

မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်းက ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ပြည်သူတစ်ဦးဖြစ်တဲ့ ကိုတရုတ်ကြီးရဲ့ နေအိမ်ကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၂ ရက် ညနေ ၃ နာရီ ဝန်းကျင်က ချိပ်ပိတ်သွားပါတယ်။

"အဲ့အိမ်က လူမနေတော့တာကြာပြီ၊ ဝရမ်းထုတ်ခံရပြီးကတည်းက မနေတော့တာ၊ ဒီနေ့မှပတ်ဝန်းကျင်ကို ချိပ်ပိတ်လိုက်တယ်ဆိုတာပြောတယ်။ ဘာလို့ချိတ်ပိတ်လဲတော့မသိဘူး။ အိမ်ရှင်ကအိမ်မှာမနေတာကြာပြီ"လို့ဒေသခံတစ်ဦးက ပြော ပါတယ်။ 

ကိုတရုတ်ကြီးကို စစ်ကောင်စီတပ်က ဝရမ်းထုတ်ထားပြီး မတ်လတုန်းက နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ပါတယ်။ မိုးကုတ်မြို့အနောက်ပိုင်း ရေဦးကြီးကျောင်းမှာ နိုဝင်ဘာ ၁၁ ရက်ကလည်း  ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

ဒီမနက်ကလည်း  စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး သတ်ခံရတာကြောင့် ရေဦးကြီးကျောင်း လမ်းကြားနဲ့ ရပ်ကွက်လမ်းတွေမှာ စစ်ကောင်စီ တပ်တွေ ကင်းပုန်းချထားတယ်လို့သိရပါတယ်။

"ဘာသတင်းရထားတယ်မသိဘူး။ RPG တွေနဲ့ လက်နက်အပြည့်အစုံနဲ့ကင်းပုန်းချထားတယ်၊ အစစ်ဆေးကလဲ အရမ်းကျပ်တယ်။ ဘာတွေ ဖြစ်လာဦးမလဲတော့ မသိဘူး" လို့ ဒေသခံတွေကဆိုပါတယ်။

အခုလို စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့လက်နက်အပြည့်အစုံနဲ့ ရပ်ကွက်လမ်းတွေမှာ ကင်းပုန်းချထားတာကြောင့် ဒေသခံတွေက စိုးရိမ်ထိတ်လန့်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013