DVB Logo
Home
မြန်မာသတင်း
ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ လူသစ်အပြန်အလှန်စုဆောင်း၊ ရွာသားများထွက်ပြေး
DVB
·
November 12, 2021
ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ လူသစ်အပြန်အလှန်စုဆောင်း၊ ရွာသားများထွက်ပြေး
Donate to DVB

ရှမ်းပြည်နယ် မိုင်းရှူး၊ မောက်မယ်နဲ့ ကျိုင်းတောင်းဒေသဘက်မှာ ရှမ်းတိုင်းရင်းသား လက်နက်ကိုင် SSPP နဲ့  RCSS  နှစ်ဖွဲ့စလုံးက တပ်သားသစ်တွေ အဓမ္မ စုဆောင်း နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

မိုင်းရှုးမြို့မှာဆိုရင် နိုဝင်ဘာ ၁၀ ရက်က SSPP စစ်သားတွေ အရပ်ဝတ်နဲ့ မြို့ထဲထိဝင်လာပြီး လူကြီးလူငယ်၊ လူမျိုးမရွေးအဓမ္မခေါ်ဆောင်သွားတယ်လို့ မိုင်းရှူးဒေသခံက ဒီဗွီဘီကို ပြောပါတယ်။

“၁၀ ရက်နေ့က စောစောစီးစီး ရပ်ကွက်ထဲ မှာရုတ်ရုတ်သဲသဲဖြစ်တယ်။ SSPP ကလူလာ ဖမ်းတယ်လို့ပြောတယ်။ မနက် ၄ နာရီကနေ ၇ နာရီထိလာဖမ်းတာ ၇ ယောက်ပါသွားတယ်တဲ့။ ရပ်ကွက် ၂ ထဲကလည်းပါတယ်။ ကျူလွိုင်ရွာလည်းပါတယ်၊ အရင်ကတော့ ရွာမှာ အရွယ်ရော က်ရင်စစ်သားလုပ်ရမယ့် စာရင်းထဲပါတဲ့လူတွေ မြို့ပေါ်ရှောင်လာလို့ လာဖမ်းတာ၊ အခုက မြို့ပေါ်က လူတွေပါဖမ်း သွားတယ်၊ ၁၁ ရက်နေ့ကျတော့ အသက်နည်းနည်းကြီးတဲ့လူ (၅၀ ကျော်) နှစ် ယောက် ပြန်လွှတ်ပေးတယ်၊  ရခိုင်တစ်ယောက်၊ ရှမ်းတစ်ယောက်။” 

အဲဒီနေ့က SSPP ပြန်သွားပြီး ရဲနဲ့စစ်တပ်က ရပ်ကွက်ထဲလာရောက်စစ်ဆေးကြောင်း၊ အမှန် တကယ်ပြည်သူ့လုံခြုံရေးယူမယ်ဆိုရင် မြို့ထဲလူဝင်ဖမ်းနေတုန်း လာရောက်တားဆီးပေးရမှာကို နောက်ကျမှလာတော့  အားမကိုးရပါဘူးလို့ မိုင်းရှူးမြို့ခံကပြောပါတယ်။ 

ဒါ့အပြင် မိုင်းရှုးနဲ့ ၂ မိုင်လောက်ဝေးတဲ့ နားစံကျေးရွာအုပ်စုမှာ SSPP က ရွာမှာလာ အိပ်စောင့်ပြီး လူတွေဖမ်းခေါ်ကြောင်း၊  လွိုင်နိုင်းရွာမှာလည်း ဒီရက်ပိုင်းမှာ အနည်းဆုံး ၄ ဦးပါ သွားပြီး တချို့အ မည်စာရင်းပေါက်တဲ့သူက ထိုင်းမှာရောက်နေလို့ မိဘတွေကိုဖမ်းထားပြီး သူတို့သား ပြန်လာမှ ပြန်လွှတ်ပေးမယ်လို့ ဆိုပါတယ်။ 

အခုလိုအဖမ်းအဆီးကြမ်းနေတာကြောင့် လူရွယ်တွေ၊ အမျိုးသားတွေထွက်ပြေးနေလို့ လယ်ယာ စိုက်ပျိုး ရေးလုပ်ငန်းတွေထိခိုက်နေကြောင်း ၊ ဖမ်းထားသူတွေ ပြန်လွှတ်ပေးဖို့ ရပ်မိရပ်ဖတွေ သွားတောင်းပန်ပေးပေမယ့် မရခဲ့ဘူးလို့  ဒေသခံက ပြောပါတယ်၊   

လင်းခေးခရိုင် ကျိုင်းတောင်းမြို့နယ်ထဲမှာတော့ ပြီးခဲ့တဲ့နိုဝင်ဘာ ၈ ရက်နေ့က တွန့်ဟုန်း ကျေးရွာအုပ်စုနဲ့ မြို့ဆင်ခြေဖုံးရပ်ကွက်တွေမှာ RCSS တပ်က ဝင်ရောက်စစ်သား စုဆောင်း တာရှိပြီး စုစုပေါင်းဘယ်နှစ်ယောက်ပါသွားလဲ သေချာမသိကြောင်း ကျိုင်းတောင်း ဒေသခံတစ်ဦးက ပြောပါတယ်။ 

အလားတူ လင်းခေးခရိုင် မောက်မယ်မြို့နယ်ထဲမှာလည်း RCSS က စစ်သားစု ဆောင်းနေတယ်လို့ ဒေသခံတယောက်က ဒီဗွီဘီကို သတင်းပို့လာပြီး အသေးစိပ်သိရဖို့အတွက် ပြန်လည်ဆက်သွယ်လို့ မရသေးပါဘူး။

တပ်သားသစ်စုဆောင်းတာနဲ့ပတ်သက်ပြီး  ဒီဗွီဘီက  ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့လုံးကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ မရခဲ့ပါဘူး။ 

SSPP ပြောခွင့်ရ ဗိုလ်မှူးစိုင်းဖုန်းဟန်ကတော့ အဖွဲ့အစည်းရဲ့ မူဝါဒအရ အိမ်တအိမ်မှာ ယောက်ျားလေး ၂ ယောက်ရှိရင် ၁ ယောက် စစ်ထဲဝင်ရမှာဖြစ်ကြောင်း၊ တော်လှန်ရေး အောင်မြင်ဖို့အတွက် အတွေးအခေါ်ကောင်းတဲ့လူငယ်တွေ၊ ခေတ်ပညာတတ်လူငယ်တွေအ များကြီးလိုအပ်တယ်၊ စည်းလုံးရမယ့်အချိန်ရောက်ပြီမို့ ထွက်မပြေးကြဖို့ ပြောချင်တယ်လို့  ရှမ်းသံတော်ဆင့်သတင်းမှာ ပြောပါတယ်။

ဒါပေမဲ့ ရှမ်းတပ်တွေဟာ ဘုံရန်သူစစ်ကောင်စီကိုမတိုက်ဘဲ နယ်မြေစိုးမိုးရေးအတွက် အချင်းချင်းပြန်တိုက်ပြီး စစ်ဘေးရှောင်တွေထောင်နဲ့ချီရှိနေတာမို့ လူငယ်တွေက စစ်မှုမထမ်းလိုဘဲ ထွက်ပြေးနေကြတာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရှမ်းလူငယ်အဖွဲ့အစည်းမှ လူငယ်တစ်ဦးက “ဘုံရန်သူဖြစ်တဲ့ စကစဟာ မျက်စိတစ်ဖက်၊ လက်တစ်ဖက်၊ ခြေတစ်ဖက်ဟာ သူ့ခန္ဓာတွင်းရောဂါကြောင့်ချိနဲ့ နေချိန်မှာ ရှမ်းစစ်တပ်က အခွင့်ကောင်းယူပြီးအသုံးချတတ်မယ်ဆိုရင် ရှမ်းတပ်သားသစ်ဆိုတာ လိုက်ဖမ်းလိုက်တောင်းစရာမလိုဘဲ ကိုယ့်အသိစိတ်နဲ့ကိုယ် အားတက်သရော ရှမ်းတပ်ထဲမှာလာပြီး စစ်မှုထမ်းမယ့်လူငယ်တွေအများကြီးရှိပါတယ်။  ဥပမာ လက်ရှိမြန်မာ နိုင်ငံထဲပေါ်ပေါက်လာတဲ့ PDF ကိုကြည့်ပါ ၊ အချိန်တိုတွင်းမှာပဲ အံ့ဩရလောက်အောင်ဖြစ်တာ အားလုံးအမြင်ပါ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013