DVB Logo
Home
မြန်မာသတင်း
မိုင်းကိုင်တွင် ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ တိုက်ပွဲဖြစ်ပြီး ရွာသား ၇၀၀ ခန့် ထွက်ပြေး
DVB
·
December 10, 2021
မိုင်းကိုင်တွင် ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ တိုက်ပွဲဖြစ်ပြီး ရွာသား  ၇၀၀ ခန့် ထွက်ပြေး
Donate to DVB

ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်ထဲမှာ ခုရက်ပိုင်းအတွင်း   ရှမ်းပြည်တပ်မတော် တောင်းပိုင်း (RCSS)နဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း SSPP ပါတဲ့ တပ်ပေါင်းစုတွေကြား တိုက်ပွဲဖြစ်ပွားလို့ ရွာသားပေါင်း ၇၀၀ လောက် ဘေးလွတ်ရာဘုန်းကြီးကျောင်းတွေမှာ လာရောက်တိမ်းရှောင်နေကြပါတယ်။

မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စု ဝမ့်မိုင်းကျေးရွာအနီးမှာ ဒီဇင်ဘာ ၈ ရက်မနက်ကစ  ပစ်ခတ်သံတွေကြားရပြီး ရွာပေါင်း ၅ ရွာလောက်က ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရတာလို့ မိုင်းကိုင် SNLD ပါတီမှ စိုင်းဆိုင်ဟန်က ဒီဗွီဘီကို ပြောပါတယ်။ 

“တိုက်ပွဲဖြစ်စဉ်အသေးစိတ်တွေတော့ မသိရပါဘူးခင်ဗျ။ ရွာသားတွေကတော့ RCSS နဲ့ တပ်ပေါင်းစုကြားဖြစ်တယ်လို့ ပြောကြတာပါပဲ။ ၈ ရက်နေ့ ညနေပိုင်းကတည်းက ထွက်ပြေးလာကြတာပါ။ ဟမ်းငိုင်းအုပ်စုထဲက ဖာလန်း၊ နားမွန်း၊ ကုန်းခမ်း၊ ပန်နောင်၊ ဝမ့်ပိုကေ၊ ဝမ့်မိုင်း အဲဒီရွာကတချို့က ရွာလုံးကျွတ်ထွက်ပြေးတယ်။”

ကုန်းစုန်ကျောင်းတိုက်မှာရွာသား ၂၀၀ ကျော်၊ နားနေ (ပန်ကေတုအုပ်စု ) ကျောင်းတိုက်မှာ ၆၀ နီးပါး၊ ဝိန်းငင်းကျောင်းတိုက်မှာ ၆၀ ကျော်အပါအဝင်  စုစုပေါင်း ၇၀၀ လောက်ရှိမယ်လို့ ခန့်မှန်း ပြောပါတယ်။

ဒါ့အပြင် ကုန်းလိုင်းကျောင်းတိုက်မှာလည်း အရင်က စစ်ဘေးရှောင် ၂၈၀ လောက်ရှိနေဆဲဖြစ်ပြီး ထွက်ပြေးလာသူတွေဟာ ကိုယ်လွတ်ရုန်းပြေးလာတာကြောင့် အဝတ်အစားအပိုမပါဘဲ ဆောင်းတွင်းဖြစ်လို့ ကလေးလူကြီး အနွေးထည်တွေ လိုအပ်နေပါတယ်။ 

အရေးပေါ်လိုအပ်တာကတော့ စားရေးသောက်ရေးဖြစ်ပြီး လောလောဆယ် မိုင်းကိုင်မြို့သူမြို့သားတွေ လှူဒါန်းထားတဲ့ စားနပ်ရိက္ခာတွေ သွားရောက်ကူညီခဲ့တယ်လို့ စိုင်းဟ န်ဆိုင်က ပြောပါတယ်။

ရပ်နီးရပ်ဝေးစေတနာရှင်တွေအနေနဲ့ မိုင်းကိုင်စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့လိုပါက ဖုန်းနံပါတ် ၀၉ ၄၅၉၀ ၀၃၃၆၃ ကို ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။ 

ဓာတ်ပုံ - မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းအုပ်စုမှ စစ်ဘေးရှောင်များ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013