DVB Logo
Home
မြန်မာသတင်း
ဆားတောင်တွင် ယမ်းသယ်လာသည့် အုပ်ချုပ်ရေးမှူးဆရာတပည့်ကို စစ်တပ်က မှားယွင်း ပစ်ခတ်ဖမ်းဆီး
DVB
·
November 12, 2021
ဆားတောင်တွင် ယမ်းသယ်လာသည့် အုပ်ချုပ်ရေးမှူးဆရာတပည့်ကို စစ်တပ်က မှားယွင်း ပစ်ခတ်ဖမ်းဆီး
Donate to DVB

စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့၊ ညောင်ငုတ်တိုရွာအနီးမှာ နိုဝင်ဘာ ၁၀ ရက် နေ့လယ်ပိုင်းက ပျူစောထီးတွေအတွက် မိုင်းထောင်ရာမှာ အသုံးပြုဖို့ ယမ်းသယ်ဆောင်လာတဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဆရာတပည့်ကို စစ်တပ်က PDF ဆိုပြီး မှားယွင်းပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

“ညောင်ငုတ်တိုရွာ အုပ်ချုပ်ရေးမှူး နဲ့ သူ့တပည့်တစ်ယောက်ဗျ၊ ရွာကပျူတွေအတွက် မိုင်းလုပ်ဖို့ ယမ်းသယ်လာတာဖြစ်မယ်။ ဆားတောင်မြို့အထွက် ညောင်ငုတ်တိုမရောက်ခင် စစ်တပ်က တားစစ်တော့ အုပ်ချုပ်ရေးမှူးပဲဆိုပြီး ရပ်မပေးဘဲ စီးသွားတာ သေနတ်နဲ့ပစ်ခံရတာ။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပစ်ခတ်ခံရသူတွေဟာ ညောင်ငုတ်တိုအုပ်ချုပ်ရေးမှူး ကိုနိုင်ဌေး (ဦးခေါင်းကျည်မှန်) အသက် ၄၀ ခန့်နဲ့ သူတပည့် ကိုအောင်ကို (ဗိုက်ကျည်မှန်) အသက် ၂၀ ခန့်တို့ဖြစ်ပြီး အပြင်းအထန် ဒဏ်ရာတွေနဲ့ မန္တလေးဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေတယ်လို့ ဆိုပါတယ်။

အဆိုပါ စစ်ကောင်စီက ပစ်ခတ်ခံရသူနှစ်ဦးမှာ ညောင်ငုတ်တိုအနီးက PDF စခန်းငယ်တခုရဲ့ တည်နေရာကို စစ်တပ်သတင်းပေး တိုင်ကြားခဲ့သူတွေဖြစ်တယ်လို့လည်း သိရပါတယ်။

ဆားတောင်မြို့၊ ညောင်ငုတ်တိုရွာ၊ အရိပ်မထွက်ဘုရားအနီးက PDF စခန်းငယ်တခုကို အောက်တိုဘာ ၁၇ ရက်နေ့မှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့လို့ လူငယ်နှစ်ဦးကျဆုံးခဲ့ရပြီး တစ်ဦး အဖမ်းခံခဲ့ရပါတယ်။

Photo-ဒါနကြယ်စင်ပရဟိတလူငယ်အဖွဲ့။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013