DVB Logo
Home
မြန်မာသတင်း
မြန်မာတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၅၁၀,၀၀၀ ကျော်ရှိလာ
DVB
·
November 12, 2021
မြန်မာတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၅၁၀,၀၀၀ ကျော်ရှိလာ
1 / 5
Donate to DVB

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၉၅၀ ကျေိာ်နဲ့ ရောဂါကူး စက်ခံရသူ စုစုပေါင်း ၅၁၀,၀၀၀ ကျေိာ်လာခဲ့ပြီဖြစ်တယ်လို့ အကြမ်းဖက်စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၁ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ် ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေး ပါဘူး။

ဝန်ကြီးဌာနထုတ်ပြန်ချက်ထဲမှာတော့ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၂၄,၂၀၅  ခု ကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ်  ၉၅၄ ယောက် တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း  ၃ ဒသမ  ၉၄ ရာခိုင်နှုန်းကျော် ရှိနေပါတယ်။

တရက်တည်း သေဆုံးသူအသစ် ၁၃ ယောက်ရှိခဲ့ပြီး ရောဂါပြန်လည်ပျောက်ကင်းသက် သာလာလို့ ဆေးရုံက ဆင်းခွင့်ရသူအရေအတွက်ကတော့ ၈၄၆ ယောက်ရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်းကတော့ ၅၁၀,၇၂၅ ယောက် ရှိနေပြီး သေဆုံးသူအရေအတွက်ကတော့ ၁၈,၈၈၂ ယောက် ရှိနေပါ တယ်။

ကာကွယ်ဆေး ထိုးနှံပြီးစီးမှုအနေနဲ့ နိုဝင်ဘာ ၉ ရက်နေ့အထိ ကာကွယ်ဆေး ၁ ကြိမ်ထိုး နှံပြီးသူ ၅ ဒသမ ၃ သန်းကျော်၊ ၂ ကြိမ်အပြည့်ထိုးနှံပြီးသူ  ၈ ဒသမ ၈၅ သန်းကျော်နဲ့ စုစု ပေါင်း ၁၄ ဒသမ ၁၅ သန်းကျော်ရှိခဲ့ပြီလို့ အကြမ်းဖက်စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာ နက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ် ၇ ခုက မြို့နယ်ပေါင်း ၁၇ မြို့နယ်မှာ ကိုဗစ်ရောဂါကူးစက်မှုတွေ လျော့နည်းလာတဲ့အတွက်  Stay at Home အစီအစဉ်ကနေ ပယ်ဖျက်ပေးလိုက်ကြောင်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၁၁ ရက်ညပိုင်းက ထုတ်ပြန်ထားပါတယ်။

တနင်္သာရီတိုင်းက ၂ မြို့နယ်၊ ပဲခူးတိုင်းက ၅ မြို့နယ်၊ မကွေးတိုင်း ၂ မြို့နယ်၊ မန္တလေးတိုင်း ၁ မြို့နယ်၊ မွန်ပြည်နယ် ၂ မြို့နယ်၊ ရန်ကုန်တိုင်း ၂ မြို့နယ်နဲ့ ဧရာဝတီတိုင်းက ၃ မြို့နယ်တို့ကို Stay at Home အစီအစဉ်ကနေ ပယ်ဖျက်လိုက်တာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်း Stay At Home အစီအစဉ်မှာ အကျုံးဝင်တဲ့ မြို့ပေါင်း ၅၂ မြို့နယ် ကျန်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013