DVB Logo
Home
မြန်မာသတင်း
ရေစကြိုမြို့၌ ကြံ့ခိုင်ရေးပါတီဝင် ၁ ဦး အသတ်ခံရ
DVB
·
November 11, 2021
ရေစကြိုမြို့၌   ကြံ့ခိုင်ရေးပါတီဝင် ၁ ဦး  အသတ်ခံရ
Donate to DVB

မကွေးတိုင်း၊ ရေစကြိုမြို့၊ အမှတ်(၁) ရပ်ကွက်မှာ  ကြံ့ခိုင်ရေးပါတီဝင် အမျိုးသား တယောက်  နိုဝင်ဘာ ၁၁ ရက် နေ့လယ် ၂ နာရီလောက်မှာ  သေနတ်နဲ့ပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

အမှတ်(၁)ရပ်ကွက်မှာ နေထိုင်တဲ့ ပျူစောထီးသင်တန်းဆင်း ကြံ့ခိုင်ရေးပါတီဝင် အောင်သူ(ခ) ဗိုလ်ချုပ်ကို  27 Revolution Forces နဲ့ People Defense Force Yesagyo မဟာမိတ်နှစ်ဖွဲ့ ပူးပေါင်းရှင်းလင်းခဲ့ကြတာဖြစ်တယ်လို့ အဆိုပါအဖွဲ့တွေက ပြောပါတယ်။

ရပ်ကွက်အတွင်း ရဲတပ်ဖွဲ့ဝင်တွေကိုခေါ်ယူကာ PDFအဖွဲ့ဝင်တွေကို သတင်းပေးနေတာကြောင့် အခုလို ရှင်းလင်းသုတ်သင်ခဲ့ရတာဖြစ်တယ်လို့ People Defense Force Yesagyo အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။ 

“သူက တပ်ထဲမှာ ပေးတဲ့သင်တန်းကဆင်းလာတာ။ သင်တန်းဆင်းပေါ့။ တပ်ကပေးတဲ့ ပျူစောထီးသင်တန်းပေါ့ဗျာ။ အကြမ်းဖက်အဖွဲ့က ပေးတဲ့ သင်တန်းဆင်းလာပြီးတော့ ရပ်ကွက်ထဲမှာ မိုက်ကြေးခွဲနေတာပေါ့။ ဒုက္ခပေးတယ်  တော်လှန်ရေးက ကလေးတွေကို ရပ်ကွက်ထဲမဝင်နိုင်အောင် အမှတ်(၁) ရပ်ကွက်ထဲမဝင်နိုင်အောင် သူက သတင်းပေးနေတာပေါ့။ ရဲတွေခေါ်ခေါ်ခိုင်းပြီးတော့ အဲ့လိုဖြစ်နေတာပေါ့နော်။  အဲ့ဒါမို့ကြောင့် ဒီနေ့ ရှင်းလင်းခဲ့ရတာပေါ့ဗျာ” လို့  ရေစကြို PDF အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

စစ်ကောင်စီသတင်းပေး ဒလန်တွေကို သတိပေးမှုတွေအကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး ဆက်လက်ပြီး ဒလန်တွေကို ရှင်းလင်းသုတ်သင်သွားမှာဖြစ်တယ်လို့လည်း  ဆက်လက်ပြောပါတယ်။ 

“ကျနော်တို့ကတော့ ပျူစောထီးတွေ၊ ဒလန်တွေ၊ သတင်းပေးတွေကို အရင်ကလည်း သတိပေးခဲ့ပြီးပြီပေါ့နော် ဒါပေမဲ့ နားမထောင်ပဲနဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ပူးပေါင်းပြီးတော့ ပြည်သူကို ဒုက္ခပေးနေတဲ့ တော်လှန်ရေးကို အနှောက်အယှက်ပေးနေတဲ့ ပျူစောထီးတွေဒလန်တွေကို ကျနော်တို့ကတော့  တော်လှန်ရေးအကျိုးကို မျှော်ကိုးပြီးတော့ ရှင်းလင်းသုတ်သင်သွားမှာပါ ရှေ့ဆက်ပြီးတော့” လို့ ပြောပါတယ်။

ရေစကြိုမြို့နယ် ဂွတ်ကြီးကျေးရွာမှာ ဒလန် နေအိမ်တအိမ်ကိုလည်း  နိုဝင်ဘာ ၁၀ ရက်နေ့ ညက UURF_YSOအဖွဲ့ က ဒုတိယ အကြိမ်သတိပေးဗုံးဖောက်ခွဲခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013