ပဲခူးတိုင်းဒေသကြီးရှိ ကဝမြို့ လ၀က ရုံးကို နိုဝင်ဘာ ၁၀ ရက် မနက်က ပဲခူး PDF နဲ့ မဟာမိတ် PDF တို့က အဝေးထိန်းစနစ်နဲ့ ဗုံးခွဲသတိပေးခဲ့တယ်လို့ ပဲခူး BDF က ပြောပါတယ်။
အခုလို လဝကရုံးကို ဗုံးခွဲ တိုက်ခိုက်တာဟာ စစ်အာဏာရှင်ရဲ့ထောက်တိုင်အားလုံးကို နောက်ဆုံး သတိပေးတဲ့အနေနဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး ၀န်ထမ်းအားလုံး ပြည်သူ့ရင်ခွင်မှာ ခိုလှုံသွားကြဖို့ ပဲခူး BDF က သတိပေးထားပါတယ်။
စစ်အာဏာရှင်ဘက်ကနေ ၀န်ထမ်းတွေ ဆက်လကရပ်တည်ခဲ့ပါက ပဲခူး BDF နဲ့မဟာမိတ် PDF တွေက ပြင်းထန်တဲ့ အရေးယူမှုတွေ ထပ်မံ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ဒေသခံပြည်သူတွေ စစ်ကောင်စီနဲ့ အနီးအနား ဝန်းကျင်မှာ မနေကြဖို့လည်း သတိပေး ပြောဆိုထားပါတယ်။