DVB Logo
Home
မြန်မာသတင်း
ထန်တလန်အတွက် ကျားပေါက်လက်ရာ Doodle Art အိတ် ၉ လုံးရောင်းရငွေ ကန်ဒေါ်လာ ၂ သောင်းကျော်ရရှိ
DVB
·
November 10, 2021
ထန်တလန်အတွက် ကျားပေါက်လက်ရာ Doodle Art အိတ် ၉ လုံးရောင်းရငွေ ကန်ဒေါ်လာ ၂ သောင်းကျော်ရရှိ
1 / 10
Donate to DVB

ထန်တလန်မြို့လေးအတွက် အဆိုတော် ဟန်ထူးလွင်(ခ)ကျားပေါက်ရဲ့ Doodle Art ဖန်တီးမှုနဲ့ အိတ် ၉ လုံးကို အိတ်ပိတ်တင်ဒါပုံစံနဲ့ ရောင်းချခဲ့ရာမှာ အမေရိကန်ဒေါ်လာ ၂ သောင်းကျော် ရရှိခဲ့ပါတယ်။

Print ထုတ်ထားတာ မဟုတ်ဘဲ ကျားပေါက်ကိုယ်တိုင် လက်နဲ့ ရေးဆွဲထားတဲ့ အိတ်တွေကိုတော့ တလုံးကို ကြမ်းခင်းစျေး အမေရိကန်ဒေါ်လာ ၅၀၀ သတ်မှတ်ခဲ့ပြီး မိမိပေးလိုတဲ့ အမြင့်ဆုံး စျေးနှုန်းကို အိတ်နံပါတ်နဲ့အတူ အမြင့်ဆုံးပေးဝယ်ယူသူတွေကို ရောင်းချခဲ့တာ ဖြစ်ပါတယ်။

ဝယ်ယူသူတွေဟာ အိတ် ၁ လုံးကို ဒေါ်လာ ၁၀၀၀ ကနေ ၃၃၀၀ ကျော်ထိ အမြင့်ဆုံးဈေး ပေးဝယ်ယူခဲ့ကြတာကို တွေ့ရပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ တထောင့်တနေရာက ပါဝင်နေတဲ့ ကျားပေါက်ဟာ သိပ်မကြာခင်တုန်းကလည်း Doodle Art ဖန်တီးမှုနဲ့ Ukulele ဂစ်တာတ လက်ကို နွေဦးတော်လှန်ရေးအတွက် လေလံတင်ရောင်းချခဲ့ရာမှာ အမေရိကန်ဒေါ်လာ ၂၇,၅၀၀ နဲ့ အမြင့်ဆုံး လေလံအောင်သွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013