DVB Logo
Home
မြန်မာသတင်း
ထန်တလန်အတွက် ကျားပေါက်လက်ရာ Doodle Art အိတ် ၉ လုံးကို အိတ်ပိတ်တင်ဒါဖြင့် ရောင်းချနေ
DVB
·
November 9, 2021
ထန်တလန်အတွက် ကျားပေါက်လက်ရာ Doodle Art အိတ် ၉ လုံးကို အိတ်ပိတ်တင်ဒါဖြင့် ရောင်းချနေ
1 / 5
Donate to DVB

စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ တထောင့်တနေရာက ပါဝင်နေတဲ့ အဆိုတော် ဟန်ထူးလွင်(ခ)ကျားပေါက်ရဲ့ Doodle Art ဖန်တီးမှုနဲ့ အိတ် ၉ လုံးကို ထန်တလန်အတွက် အိတ်ပိတ်တင်ဒါပုံစံနဲ့ ရောင်းချနေပါတယ်။

Limited အနေနဲ့ ၁၀ အိတ်ပဲ ထုတ်ထားပြီး ၉ အိတ်ကို ရောင်းချသွားမှာဖြစ်ကာ တအိတ်ကိုတော့ Bipolar Bear Page ကနေ မဲဖောက်ပေးသွားမယ်လို့ ဆိုပါတယ်။

Print ထုတ်ထားတာ မဟုတ်ဘဲ ကျားပေါက်ကိုယ်တိုင် လက်နဲ့ ရေးဆွဲထားတဲ့ အိတ်တွေကိုတော့ တလုံးကို ကြမ်းခင်းစျေး အမေရိကန်ဒေါ်လာ ၅၀၀ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ခုတခါမှာတော့ လေလံသဘောမျိုး စျေးပြိုင်ပေးရမှာမျိုး မဟုတ်ဘဲ မိမိ ပေးလိုတဲ့ အမြင့်ဆုံး စျေးနှုန်းကို တစ်ခါတည်းပြောပြီး အိတ်နံပါတ်နဲ့အတူ ပန်ဆယ်လိုရဲ့ မက်ဆင်ဂျာမှာ ပေးပို့ရမှာ ဖြစ်ကာ ဒီနေ့ည  ၇ နာရီခွဲ နောက်ဆုံးထားပြီး စျေးထဲက အမြင့်ဆုံးပေးသူက ရရှိမှာ ဖြစ်ပါတယ်။

ကျားပေါက်ဟာ သိပ်မကြာခင်တုန်းကလည်း Doodle Art ဖန်တီးမှုနဲ့ Ukulele ဂစ်တာတလက်ကို နွေဦးတော်လှန်ရေးအတွက် လေလံ တင်ရောင်းချခဲ့ရာမှာ အမေရိကန်ဒေါ်လာ ၂၇,၅၀၀ နဲ့ အမြင့်ဆုံး လေလံအောင်သွားခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013