DVB Logo
Home
မြန်မာသတင်း
အဆိုတော် ကျားပေါက်၏ သီချင်းသစ် “သူရဲကောင်းမလိုဘူး” ထွက်ရှိ
DVB
·
January 29, 2026
အဆိုတော် ကျားပေါက်၏ သီချင်းသစ် “သူရဲကောင်းမလိုဘူး” ထွက်ရှိ
Donate to DVB

ပြင်သစ်နိုင်ငံရောက် အနုပညာရှင် အဆိုတော် ကျားပေါက် (ခ) ဟန်ထူးလွင်ရဲ့ သီချင်းသစ်တပုဒ် အခုရက်ပိုင်းမှာ ထွက်ရှိလာပါတယ်။

“သူရဲကောင်းမလိုဘူး” လို့အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ တေးရေး Mung Boi က ရေးစပ်ပေးထားခဲ့တာဖြစ်ပြီး iTunes နဲ့ Spotify တို့လို အွန်လိုင်းဂီတ ပလက်ဖောင်းတွေကတဆင့် အားပေးနားဆင််နိုင်မှာ ဖြစ်ပါတယ်။

အဆိုတော် ကျားပေါက်ဟာ နာမည်ကြီးအဆိုတော် ရင်ဂိုရဲ့ မျိုးဆက်ရင်သွေးတယောက် ဖြစ်ပြီး ပန့်ခ်အမျိုးအစား သီချင်းတွေနဲ့ ဆယ်ကျော်သက်အရွယ်ကတည်းက Big Bag တေးဂီတအဖွဲ့နဲ့အတူ အနုပညာ လမ်းကြောင်းပေါ် ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။

ပန့်ခ်အကြောင်းမပြောနဲ့၊ အားလုံးအတွက်ပန့်ခ်၊ AD 3000၊ တယ်လီပန်ခ့် စတဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တွေကစလို့ ထင်ရှားတဲ့ သီချင်းပေါင်းများစွာကို ရေးသားသီဆို အောင်မြင်ခဲ့တဲ့ ကျားပေါက်ဟာ ဝါသနာပါရာ ဂီတ၊ စာပေရေးသားမှုတွေ၊ ပန်းချီဆွဲတာတွေကိုလည်း လုပ်ဆောင်နေသူတယောက်ပါ။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ နာမည်ကျော် အနုပညာရှင်တွေကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ခဲ့တာမှာ အဆိုတော် ကျားပေါက် အပါအဝင် အနုပညာရှင်တွေများစွာ ပါဝင်ခဲ့ကြပြီး ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

အဲဒီထဲမှာ တချို့အနုပညာရှင်တွေကတော့ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးထိန်း သိမ်း ခံခဲ့ရကာ ထောင်ဒဏ်ပြစ်ဒဏ် အသီးသီး ချမှတ်ခံရသူတွေလည်း ရှိနေပါတယ်။

လတ်တလောမှာတော့ နွေဦးတော်လှန်ရေး ခရီးကြမ်း ၅ နှစ်နီးပါး ကာလမှာ တော်လှန်အနုပညာရှင်၊ အတတ်ပညာရှင်တွေဟာ ရောက်ရာနေရာကနေ ပြည်သူ့ဘက်ကနေ မားမားမတ်မတ် ဆက်လက် ရပ်တည်ပြီးတော့ စစ်အာဏာရှင်ကို တိုက်ထုတ်ရာမှာ တတ်စွမ်းသမျှ တော်လှန်အနုပညာ စွမ်းအားနဲ့ တတပ်တအား ပါဝင်နေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013