DVB Logo
Home
မြန်မာသတင်း
အဆိုတော် ကျားပေါက်၏ အွန်လိုင်းလိုက်ဖ်ရှိုးဂီတဖျော်ဖြေပွဲ ကြည့်ရှုအားပေးနိုင် 
DVB
·
November 28, 2024
အဆိုတော် ကျားပေါက်၏ အွန်လိုင်းလိုက်ဖ်ရှိုးဂီတဖျော်ဖြေပွဲ ကြည့်ရှုအားပေးနိုင် 
Donate to DVB

ပြင်သစ်နိုင်ငံရောက် တော်လှန်အနုပညာရှင် အဆိုတော် ကျားပေါက် (ခ) ဟန်ထူးလွင်ရဲ့ ဂီတဖျော်ဖြေပွဲကို ဒီဇင်ဘာ ၂၁ ရက်နေ့ ကျင်းပဖို့ရှိနေပြီး အွန်လိုင်းကနေကြည့်ရှုနိုင်မယ့် လိုက်ဖ်ရှိုးလက်မှတ်တွေ စတင် ရောင်းချနေပါတယ်။

Kyar Pauk  & the EZ Going band - “Live Session in Paris” အမည်နဲ့ကျင်းပမဲ့ ဒီပွဲမှာတော့ ကျားပေါက်နဲ့ ပါရီအခြေစိုက် The EZ Going Band တို့ ပူးပေါင်းတင်ဆက်သွားမှာဖြစ်သလို ချစ်သူဖြစ်တဲ့ အဆိုတော် ဆွိဝတ်ရည်သောင်း ကလည်း အားဖြည့်ပါဝင်မယ်လို့ ဆိုပါတယ်။

အွန်လိုင်းလိုက်ဖ် အနေနဲ့ ကြည့်ရှုအားပေးလိုသူတွေ အနေနဲ့လည်း နိုင်ငံတွေအလိုက် လက်မှတ်တစောင်ကို အမေရိကန်ဒေါ်လာ ၂၀၊ မြန်မာငွေကျပ် ၇ သောင်း၊ ထိုင်းဘတ်ငွေ ၅၀၀၊ ဂျပန်ယန်း ၂,၅၀၀၊ ယူရိုငွေ ၁၇ ယူရို၊ ဗြိတိန်ပေါင် ၁၅ ပေါင်၊ ထိုင်ဝမ်ဒေါ်လာ ၅၀၀၊ စင်ကာပူဒေါ်လာ ၃၀၊ ကနေဒါဒေါ်လာ ၃၀ စီ အသီးသီး သတ်မှတ်ထားတာပါ။

ပရိသတ်တွေအနေနဲ့ လက်မှတ်တွေကို Bipolarbear Page နဲ့ သက်ဆိုင်ရာ Authorized Agents တွေ၊ သက်ဆိုင်ရာနိုင်ငံရဲ့ Authorized Reseller တွေဆီမှာလည်း သွားရောက်ဝယ်ယူနိုင်မယ်လို့ ဆိုပါတယ်။

အခုရက်ပိုင်းတွေမှာတင် ပြည်ပနိုင်ငံတွေ ရောက်ရှိနေကြတဲ့ အဆိုတော်  အေးချမ်းမေ၊ ဖြုူဖြူကျော်သိန်းတို့ဟာ တော်လှန်ရန်ပုံငွေ ရှိုးပွဲတွေ ပြုလုပ်ခဲ့ကြပြီး နိုင်တဲ့နေရာက ပါဝင်ခဲ့ကြတာကို တွေ့ရပါတယ်။

အဆိုတော် ကျားပေါက်ဟာ နာမည်ကြီးအဆိုတော် ရင်ဂိုရဲ့ မျိုးဆက်ရင်သွေးတယောက် ဖြစ်ပြီး ဖခင်နဲ့ မတူညီတဲ့ ဆူညံပေါက်ကွဲလွယ်တဲ့ ပန့်ခ်အမျိုးအစား သီချင်းတွေနဲ့ ဆယ်ကျော်သက်အရွယ်ကတည်းက Big Bag တေးဂီတအဖွဲ့နဲ့အတူ အနုပညာ လမ်းကြောင်းပေါ် ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။

ပန့်ခ်အကြောင်းမပြောနဲ့၊ အားလုံးအတွက်ပန့်ခ်၊ AD 3000၊ တယ်လီပန်ခ့် စတဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တွေကစလို့ ထင်ရှားတဲ့ သီချင်းပေါင်းများစွာကို ရေးသားသီဆို အောင်မြင်ခဲ့တဲ့ ကျားပေါက်ဟာ ဝါသနာပါရာ စာပေရေးသားမှုတွေ၊ ပန်းချီဆွဲတာတွေကိုလည်း လုပ်ဆောင်နေသူတယောက်ပါ။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ကြတဲ့ နာမည်ကျော် အနုပညာရှင်တွေကို ဖမ်းဝရမ်းထုတ် ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ရာမှာ အဆိုတော် ကျားပေါက် အပါအဝင် အနုပညာရှင်တွေများစွာ ပါဝင်ခဲ့ကြပြီး ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

အဲဒီထဲမှာ တချို့အနုပညာရှင်တွေကတော့ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရကာ ထောင်ဒဏ်ပြစ်ဒဏ် အသီးသီး ချမှတ်ခံရသူတွေလည်း ရှိနေပါတယ်။

လတ်တလောမှာတော့ နွေဦးတော်လှန်ရေး ခရီးကြမ်း ၄ နှစ်နီးပါး ကာလတွေအတွင်းမှာ တော်လှန်အနုပညာရှင်၊ အတတ်ပညာရှင်တွေဟာ ပြည်သူ့ဘက်ကနေ မားမားမတ်မတ် ရပ်တည်ပြီးတော့ စစ်အာဏာရှင်ကို တိုက်ထုတ်ရာမှာ တတ်စွမ်းသမျှ တော်လှန်အနုပညာ စွမ်းအားနဲ့ တတပ်တအား ပါဝင်နေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013