DVB Logo
Home
မြန်မာသတင်း
နွေဦးတက္ကသိုလ်က တော်လှန်ရေးအတွက် ကျပ်သိန်း ၁၄၀ ကျော် လှူဒါန်းနိုင်
DVB
·
November 9, 2021
နွေဦးတက္ကသိုလ်က တော်လှန်ရေးအတွက် ကျပ်သိန်း ၁၄၀ ကျော် လှူဒါန်းနိုင်
Donate to DVB

နွေဦးတက္ကသိုလ်က အောက်တိုဘာလအတွင်း ဖွင့်လှစ်ထားတဲ့ တန်းခွဲတွေကနေ လှူဒါန်းငွေ  တလအတွင်း ကျပ်သိန်း ၁၄၀ ကျော် လက်ခံရရှိခဲ့တယ်လို့ Spring University Myanmar (SUM) က  အသိပေးကြေညာထားပါတယ်။

အခုလိုရရှိခဲ့တဲ့ လှူဒါန်းငွေတွေထဲက စစ်ဘေးရှောင်ပြည်သူတွေကို ကျပ်သိန်း ၄၀ အပါအဝင် SUMCares  မှတဆင့် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ CDM ဝန်ထမ်းတွေအတွက် ကျပ်သိန်း ၅၀၊ ပညာရေးဆိုင်ရာ CDM ဝန်ထမ်းတွေအတွက် ကျပ် ၁၀ သိန်း၊ Law School မှ CDM ဝန်ထမ်းတွေအတွက် ကျပ် ၂ သိန်းခွဲ၊ STEM TOT Batch 3 က ဆရာ၊ ဆရာမ အယောက် ၁၀၀ အတွက် ကျပ်သိန်း ၃၀ နဲ့ ကျောင်းသူ၊ ကျောင်းသားအယောက် ၄၀ ရဲ့ Scholarship တွေအတွက် ကျပ်  ၁၀ သိန်းစီ လှူဒါန်း ထောက်ပံ့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

နွေဦးတက္ကသိုလ်ရဲ့ တော်လှန်ရေးခရီးစဉ် ရည်ရွယ်ချက်အတိုင်း အာဏာသိမ်း စစ်အစိုးရ လက်အောက်မှာ ပညာမသင်ယူလိုတဲ့ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ပညာရေး ရပ်တန့် မသွားဖို့၊ CDM သူရဲကောင်းတွေကို ပိုမိုလှူဒါန်းနိုင်ဖို့အတွက် အကောင်အထည်ဖော် လုပ်ဆောင်နေတာဖြစ်ပါတယ်။

နွေဦးတက္ကသိုလ်မှာ ကျောင်းသူ၊ ကျောင်းသားတွေအတွက် အဆင်မြင့်ပညာရပ်တွေ ဆက်လက်သင်ယူနိုင်ဖို့ ကျောင်းခွဲ ၉ ခု အထိ ဖွင့်လှစ်နိုင်ခဲ့ပြီး အောက်တိုဘာလအတွင်း CDM သူရဲကောင်းတွေကို  ပိုမိုထောက်ပံ့ပေးနိုင်ဖို့ CCP - Centre for College Preparation, School of Art, School of Education ကို ဖွင့်လှစ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013