DVB Logo
Home
မြန်မာသတင်း
ထန်တလန်အတွက် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ငွေကျပ် ၁၂ သိန်းလှူဒါန်း
DVB
·
November 8, 2021
ထန်တလန်အတွက် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ငွေကျပ် ၁၂ သိန်းလှူဒါန်း
Donate to DVB

စစ်ကောင်စီအကြမ်းဖက်အဖွဲ့ရဲ့ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ချင်းပြည်နယ် ထန်တလန်မြို့က စစ်ဘေးရှောင်  ပြည်သူတွေအတွက် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ငွေ ကျပ် ၁၂ သိန်း လှူဒါန်းခဲ့ပါတယ်။

ထန်တလန်မြို့အတွက် ထောက်ပံ့ငွေပေးပို့လှူဒါန်းနိုင်ဖို့ ရန်ကုန်တက္ကသိုလ်ကျောင်းသား များသမဂ္ဂက ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်နေ့ကနေ ၄ ရက်နေ့အထိ ကျောင်းသားကျောင်းသူ တွေဆီ အလှူငွေကောက်ခံခဲ့ပြီး ၁,၀၄၂,၆၀၀ ကျပ်ရရှိခဲ့ကာ သမဂ္ဂမှ ရန်ပုံငွေ ၁၅၇,၄၀၀ ကျပ် မ,တည်ပြီး ထောက်ပံ့ငွေစုစုပေါင်း ကျပ် ၁၂ သိန်းတိတိကို လှူဒါန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံတပ်ဖွဲ့တွေကြား တိုက်ပွဲတွေစတင်ခဲ့တာ လနဲ့ချီကြာမြင့်နေခဲ့ပြီဖြစ်ကာ တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထောင်သောင်းချီ နေရပ် စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်က အောက်တိုဘာ ၂၉ ရက် မနက်ပိုင်းမှာ ထန်တလန်မြို့ရှိ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တာ၊ မီးရှို့ဖျက်ဆီးတာတွေကြောင့် ခရစ်ယာန်ဘုရားကျောင်းတွေ အပါအဝင် လူ နေအိမ်ခြေ ရာနဲ့ချီ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013