DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီခန့် တက္ကသိုလ်ပါချုပ်၊ ဒုပါချုပ်များအပါအဝင် ၁၇၈ ဦးကို အမည်ပျက်စာရင်းသွင်း
DVB
·
November 4, 2021
စစ်ကောင်စီခန့် တက္ကသိုလ်ပါချုပ်၊ ဒုပါချုပ်များအပါအဝင် ၁၇၈ ဦးကို အမည်ပျက်စာရင်းသွင်း
Donate to DVB

ပညာရေးဝန်ကြီးဌာနမှ တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်တွေအပါအဝင် ဝန်ထမ်းအကြီးအကဲ ၁၇၈ ယောက်ကို နိုင်ငံ့သစ္စာဖောက်အဖြစ် အမည်ပျက်စာရင်းသွင်းပြီး ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နိုဝင်ဘာ ၄ ရက် ရက်စွဲနဲ့  ကြေညာပါတယ်။

အဆိုပါထုတ်ပြန်ချက်ကိုတော့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ဆရာ၊ ဆရာမတွေ၊ ဝန်ထမ်းတွေကို နေအိမ်တွေကနေ ဖယ်ရှားတာ၊ ပြန်လည်ပေးဆပ်ဖို့ မလိုတော့တဲ့ ချေးငွေတွေကို ပေးဆပ်ဖို့ စစ်အာဏာရှင်အလိုကျ ဖိနှိပ် ခြိမ်းခြောက်နေတဲ့ ဖော်ပြပါ ပညာရေးဝန်ထမ်းတွေကို နိုင်ငံ့ဝန်ထမ်းဉပ‌ဒေပုဒ်မ ၄၁ အရ မူလရာထူးတာဝန်တွေကနေ ထုတ်ပယ်ပြီး နိုင်ငံ့သစ္စာဖောက်အဖြစ် အမည်ပျက်စာရင်း သွင်းလိုက်တယ်လို့ ကြေညာထားတာပါ။

ဒါ့အပြင် လက်ရှိဖော်ပြထားတဲ့ ရာထူးနေရာတွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊  ပညာရေးဝန်ကြီးဌာနက အသိအမှတ်မပြုထားပဲ စစ်ကောင်စီကပေးတဲ့ ရာထူးတွေသာ ဖြစ် ကြောင်းနဲ့ မတရားအာဏာသိမ်းမှုနောက်ပိုင်း ထုတ်ယူထားတဲ့ ပြည်သူ့ဘဏ္ဍာ၊ လစာ၊ အာဏာအလွဲသုံးစားပြုမှုတွေကို တာဝန်ယူ၊ တာဝန်ခံရမှာဖြစ်ကာ ဉပဒေအရ ပေးအပ်တဲ့ ပြစ်ဒဏ်တွေလည်း ကျခံရမှာဖြစ်တယ်လို့ ဖော်ပြပါတယ်။

အမည်ပျက်စာရင်းသွင်းလိုက်တဲ့ ဝန်ထမ်းတွေထဲမှာတော့ အဆင့်မြင့်ပညာဦးစီးဌာန၊ ဆေးတက္ကသိုလ်၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပြူတာ တက္ကသိုလ်၊ နိုင်ငံခြားဘာသာတက္ကသိုလ်စတဲ့ နိုင်ငံတဝန်း တက္ကသိုလ်တွေ၊ ကျောင်းတွေ၊ ဌာနတွေ အသီးသီးက ဒုညွှန်ကြားရေးမှူးချုပ်၊ တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးတွေအပါအဝင် ဝန်ထမ်းအကြီးအကဲတွေ ပါဝင်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်က စတင်ကာ အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော် အာဏာကို သိမ်းယူခဲ့တဲ့ ကာလဟာ ၉ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပြည်သူတွေ မြို့ရွာအနှံ့ ပါဝင်နေခဲ့ကြပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်ခတ်နှိမ် နင်းမှုတွေနဲ့ ကျဆုံးမှုတွေ၊ ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုခံရတာတွေနဲ့အတူ အခြေအနေတွေ ပိုမိုတင်းမာလာနေခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ်ပြန်ချက်အ ရ လက်ရှိအချိန်ထိ အကြမ်းဖက်စစ်တပ်က ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံး ပြည်သူ ၁,၂၃၀ ကျော်နဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၉,၆၀၀ ကျော်ထိ ရှိခဲ့ပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013