DVB Logo
Home
မြန်မာသတင်း
ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီက ကျန်းမာရေးကော်မတီဖွဲ့စည်း
DVB
·
November 3, 2021
ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီက ကျန်းမာရေးကော်မတီဖွဲ့စည်း
1 / 2
Donate to DVB

ကရင်နီပြည်နယ်ရဲ့ ကျန်းမာရေးဆိုင်ရာလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ကျန်းမာရေးကော်မတီကို အဖွဲ့ ဝင် ၇ ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) က နိုဝင်ဘာ ၂ ရက်က ကြေညာပါတယ်။

အရေးပေါ်အခြေအနေမှ ပြန်လည်ထူထောင်ရေးကာလအထိ ကရင်နီပြည်နယ်ရဲ့ ကျန်းမာရေး ဆိုင်ရာလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့၊ ဖယ်ဒရယ်ဒီမိုကရေစီကျန်းမာရေးမူဝါဒ ရေးဆွဲချမှတ်ရေး လုပ်ငန်းစဉ်မှာပါဝင် ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ကရင်နီအမျိုးသားကျန်းမာရေးစနစ် မူဝါဒပေါ်လာဖို့ ရည်ရွယ်ဖွဲ့စည်းလိုက်တာလို့ ဆိုပါတယ်။ 

ကျန်းမာရေးကော်မတီအနေနဲ့ ပြည်နယ်ရဲ့ ကျန်းမာရေးဆိုင်ရာလုပ်ငန်းအတွက် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အပါအတင် တခြားပြည်နယ်ကိုယ်စားပြု နိုင်ရေးပါတီ၊ ကျန်းမာရေးအဖွဲ့အစည်း၊ CDM ဆေးဝန်ထမ်းတွေအပြင် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ကရင်နီပြည်အတိုင်ပင်ခံကောင်စီအနေနဲ့  စစ်အာဏာသိမ်းမှုကို ဖီဆန်ဆန့်ကျင်တဲ့ (CDM) ရဲတပ်ဖွဲ့ဝင် ၃၂၀ ပါဝင်တဲ့ ကရင်နီပြည်နယ်ရဲကို  ဖွဲ့စည်းကြောင်း ဩဂုတ်လ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

ဩဂုတ်လ ၇ ရက်နေ့ကလည်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) ဟာ စစ်အာဏာရှင်အပြီးတိုင်း ချုပ်ငြိမ်းရေးအတွက် ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီရဲ့ နိုင်ငံရေးအရ ဦးဆောင်မှုအောက်မှာ တိုက်ပွဲဝင်နေတဲ့ ပြည်နယ်ကာကွယ်ရေးအဖွဲ့ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ကရင်နီပြည်အတိုင်ပင်ခံကောင်စီအနေနဲ့ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတနိုင်ငံရဲ့ အဓိကကျတဲ့ ကာကွယ်ရေး အဖွဲ့၊ ပြည်နယ်ရဲတပ်ဖွဲ့ ကျန်းမာရေးဌာကို ဖွဲ့စည်းလာတာလည်းဖြစ်ပါတယ်။

ကရင်နီအမျိုးသားများရဲ့ နိုင်ငံရေးရည်မှန်းချက်ဖြစ်တဲ့ အမျိုးသားတန်းတူရေး၊ တရားမျှတရေး၊ ဒီမိုကရေစီရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တခြားတိုင်းရင်းသားတွေနဲ့ ယှဉ်တွဲနေထိုင်သွားဖို့ ရည်ရွယ်ချက်နဲ့ ကြားကာလမှ စတင်ပြီး ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC)ကို ကရင်နီပြည်မှာရှိတဲ့ ရွေးကောက်ခံ အမတ်တွေ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ အပါအဝင် ဘက်အသီးသီးက အင်အားစုတွေနဲ့ ဧပြီ ၉ ရက်နေ့က ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013