DVB Logo
Home
မြန်မာသတင်း
အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ ထုတ်ပြန်
DVB
·
April 19, 2021
အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ ထုတ်ပြန်
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရက တိုင်းပြည်ရဲ့ ကြားကာလ အစီအမံ အကောင်အထည်ဖော် ဆောင်ရွက်နေတာကို အပြည့်အဝထောက်ခံပြီး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) က ဧပြီ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ကရင်နီအမျိုးသားများရဲ့ နိုင်ငံရေးရည်မှန်းချက်ဖြစ်တဲ့ အမျိုးသားတန်းတူရေး၊ တရားမျှတရေး၊ ဒီမိုကရေစီရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို အခြားတိုင်းရင်းသားတွေနဲ့ ယှဉ်တွဲနေထိုင်သွားဖို့ ရည်ရွယ်တာကြောင့် ကြားကာလမှ စတင်ပြီး ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC)ကို ကရင်နီပြည်မှာရှိတဲ့ ရွေးကောက်ခံ အမတ်တွေ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ အပါအဝင် ဘက်အသီးသီးက အင်အားစုတွေနဲ့ ဧပြီ ၉ ရက်နေ့က ဖွဲ့စည်းခဲ့တာလည်း ဖြစ်ပါတယ်။

KSCC အနေနဲ့ ကရင်နီပြည်ရဲ့ နိုင်ငံရေးအခန်းကဏ္ဍကို ဦးဆောင်မှာဖြစ်ပြီး ကြားကာလ ကရင်နီပြည် အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းတာတွေ၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး တွေကို လမ်းညွှန်ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။

ဒါ့ပြင် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ KSCC က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013