DVB Logo
Home
မြန်မာသတင်း
မိုးကုတ် အချုပ်ထောင်ဝင်းထဲ ဗုံးပေါက်၊ ညောင်ဦးနှင့် ကျောက်ဆည်က အုပ်ချုပ်ရေးမှူး ၂ ဦး အသတ်ခံရ
DVB
·
November 2, 2021
မိုးကုတ် အချုပ်ထောင်ဝင်းထဲ ဗုံးပေါက်၊ ညောင်ဦးနှင့် ကျောက်ဆည်က အုပ်ချုပ်ရေးမှူး ၂ ဦး အသတ်ခံရ
1 / 4
Donate to DVB

မန္တလေးတိုင်း မိုးကုတ်မြို့အရှေ့ပိုင်း တောင်ကချင်ရပ်ကွက်က အချုပ်ထောင်ဝင်းထဲမှာ နိုဝင်ဘာ ၂ ရက်နေ့ မွန်းတည့် ၁၂ နာရီခွဲဝန်းကျင်က ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အသံတော့ကြားတယ်၊ နည်းနည်းလှမ်းတော့ ပေါက်ကွဲတာ မမြင်လိုက်ရဘူး၊ ဝင်းထဲ ကွဲတယ်ပြောတယ်၊ အထိအခိုက်တော့မရှိဘူး။”

ပေါက်ကွဲမှုမဖြစ်ခင် မိုးကုတ်အနောက်ပိုင်းကနေ စစ်ကောင်စီတပ်သားတွေ စစ်ကားနဲ့ အပြည့်  ၃ စီးဆင်းလာတယ်လို့ သိရပါတယ်။ 

ဗုံးဖောက်ခွဲမှုကို ဘယ်အဖွဲ့က ပြုလုပ်တယ်ဆိုတာ မသိရသေးဘဲ မိုးကုတ်မြို့မှာ အခုရက်ပိုင်း စစ်ကောင်စီက တင်းကျပ်စစ်ဆေးမှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။

ညောင်ဦးမြို့နယ် မြင်းကမ္ဘာရွာမှာလည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး လင်းအောင်ကို နိုဝင်ဘာ ၂ ရက်နေ့ မနက်ပိုင်းက ပုဂံညောင်ဦး PDF နဲ့ မြင်းခြံ Tiger တို့ ညီနောင်တပ်ဖွဲ့  နှစ်ဖွဲ့ပူးပေါင်းပြီး သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ပုဂံညောင်ဦး PDF တပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

အုပ်ချုပ်ရေးမှူးဟာ ဦးခေါင်းတစ်ချက်၊ ရင်ဘတ် ၂ ချက် ကျည်ဆန်ထိမှန်ပြီး အခင်းဖြစ်နေရာမှာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

အဲဒီအုပ်ချုပ်ရေးမှူးဟာ အကြမ်းဖက်စစ်ကောင်စီနဲ့ပူးပေါင်းပြီး သပိတ်စခန်းတွေကို သတင်းပေးတာ၊ PDF နဲ့ ပတ်သက်ပြီး သတင်းပေးပြီး အပြစ်မဲ့ပြည်သူတွေကို မတရား ဖမ်းဆီးရာမှာ အားပေးအားမြှောက်ပြုလုပ်တဲ့အပြင် ပြည်သူတွေကို ဒုက္ခအမျိုးမျိုးပေးတာကြောင့် ပစ်သတ်လိုက်တာလို့ ပြောပါတယ်။

ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်နဲ့ဆက်နွယ်တဲ့နေရာတွေ ရဲစခန်းတွေကို ရှောင်ရှားကြဖို့နဲ့ အဲဒီနေရာတွေမှာ ပြည်သူတွေရှိနေတာကြောင့် တိုက်ခိုက်တာတွေ မပြုလုပ်ဘဲ နောက်ဆုတ်ခဲ့ရတာတွေရှိတာကြောင့် PDF တွေကိုကူညီတဲ့အနေနဲ့ စစ်အုပ်စုနဲ့ဆက်နွှယ်တဲ့ နေရာတွေကို မသွားလာကြဖို တိုက်တွန်းထားပါတယ်။

ကျောက်ဆည်မြို့နယ်မှာလည်း နိုဝင်ဘာ ၁ ရက်နေ့ ညနေ ၆ နာရီလောက်က သင်ပျိုကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးသိန်းဌေး ရုံးခန်းထဲ လျှပ်စစ်မီတာကြေးများ ပေးသွင်းဖို့ လော်စပီကာနဲ့ ကြေညာနေစဉ် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကိုဗစ်ကတမျိုး တောင်သူလုပ်ငန်းက မကောင်းဆိုတော့ ရွာမှာ ငွေကြေးအခက်အခဲ ရှိကြတယ်။ မီတာကြေးတွေလည်း ဆောင်ဖို့ အခက်အခဲဖြစ်ကြတယ် လာမဆောင်ကြတော့ အုပ်ချုပ်ရေးမှူးက ရုံးထဲက မိုက်နဲ့ အော်ပြီး တောင်းတာမှာ သေနတ်နဲ့ အပစ်ခံလိုက်ရတာ။”

အုပ်ချုပ်ရေးမှူး သိန်းဌေးဟာ ကျေးရွာနေ ပြည်သူလူထုဆီကနေ စစ်ကောင်စီ အလိုကျ ငွေကြေး အတင်အဓမ္မ ကောက်ခံနေတာကြောင့် သုတ်သင်လိုက်တာလို့ Dragon Kyaukse Defense Force (DKDF) က ထုတ်ပြန်ထားပါတယ်။

ကျောက်ဆည်မြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီခန့် သတင်းပေးဒလန်တွေ ပျူစောထီးတွေ ဒလန်အုပ်ချုပ်ရေးမှူးတွေ မနုတ်ထွက်ပါက သုတ်သင်ရှင်းလင်းသွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013