DVB Logo
Home
မြန်မာသတင်း
ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၅ သန်းကျော်၊ မြန်မာတွင် ၁၈၇၀၀ နီးပါးသေဆုံး
DVB
·
November 1, 2021
ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၅ သန်းကျော်၊ မြန်မာတွင် ၁၈၇၀၀ နီးပါးသေဆုံး
Donate to DVB

ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကူးစက်ခံရပြီး သေဆုံးသူအရေအတွက်ဟာ ၅ သန်း ကျော်ရှိလာခဲ့ ပြီး သိန်းချီသေဆုံးတဲ့ နိုင်ငံပေါင်း ၁၃ နိုင်ငံထိ ရှိလာနေပြီ ဖြစ်ပါတယ်။

တကမ္ဘာလုံး အတိုင်းအတာနဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက်ကတော့ ၂၄၇ ဒသမ ၅၄ သန်းကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းလာသူ အရေအတွက်ကတော့ ၂၂၄ ဒသမ ၁၉ သန်းကျော် ရှိနေတာပါ။

သိန်းချီသေဆုံးမှု အမြင့်ဆုံး နိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက သေဆုံးသူ ၇ သိန်း ၆ သောင်းကျော်၊ ကူးစက်ခံရသူ ၄၆ ဒသမ ၈၂ သန်းကျော်နဲ့ ထိပ်ဆုံးမှာရှိနေပြီး သူ့နောက် မှာတော့ ဘရာဇီးနိုင်ငံက သေဆုံးသူ ၆ သိန်းကျော်၊ ကူးစက်ခံရသူ ၂၁ ဒသမ ၈၁ သန်း ကျော်နဲ့ ရှိနေပါတယ်။

တတိယနေရာမှာတော့ အာရှနိုင်ငံတနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံက သေဆုံးသူ ၄ သိန်း ၆ သောင်းနီးပါး၊ ကူးစက်ခံရသူ ၃၄ ဒသမ ၂၈ သန်းကျော်နဲ့ ထိပ်ဆုံး ၃ နိုင်ငံအနေနဲ့ အသီး သီး ရပ်တည်နေပါတယ်။

အဲဒီ ၃ နိုင်ငံနောက်မှာတော့ မက္ကဆီကို၊ ရုရှားနဲ့ ပီရူးနိုင်ငံတွေက သေဆုံးသူ ၂ သိန်းကျော်၊ အင်ဒိုနီးရှား၊ ယူကေ၊ အီတလီ၊ ကိုလံဘီယာ၊ အီရန်၊ ပြင်သစ်နဲ့ အာဂျင်တီးနားနိုင်ငံတွေက ၁ သိန်းကျော်စီ ရှိနေတာ ဖြစ်ပါတယ်။

ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအ တွက် ၉ သောင်း ၇ ထောင်ကျော်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၆ ရှိနေပါတယ်။

အာဆီယံဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါ သန်းချီကူးစက်ပြန့်ပွားမှု အ မြင့်ဆုံး နိုင်ငံတွေအဖြစ် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်းနိုင်ငံတွေက အစဉ်လိုက် ရပ်တည်နေတာ ပါတယ်။

မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ အတည်ပြု လူနာစုစုပေါင်း ၅ သိန်းကျော်၊ သေဆုံးသူ ၁၈,၇၀၀ နီးပါးနဲ့ အာဆီယံနိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှု အများဆုံး ထိပ်တန်း ၅ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။

ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၉ သိန်း ၂ သောင်း ကျော်နဲ့ သေဆုံးသူ ၂၂,၀၀၀ ကျော် ရှိနေပါတယ်။

စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၂ သိန်းနီးပါးနဲ့ သေဆုံးသူအရေ အတွက် ၄၀၇ ယောက်ရှိနေပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁ သိန်း ၂  သောင်းနီးပါးနဲ့ သေဆုံးသူ ၂,၈၀၀ နီးပါးရှိနေပါတယ်။

ဘရူနိုင်းနိုင်ငံမှာတော့ ရောဂါကူးစက်ခံရသူ ၁၃,၀၀၀ ကျော်နဲ့ သေဆုံးသူအရေအတွက် ၈၉ ယောက် ရှိနေပြီး လာအိုနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၄ သောင်းကျော်နဲ့ သေဆုံးသူ ၆၅ ယောက်ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013