DVB Logo
Home
မြန်မာသတင်း
ထန်တလန်အတွက် ချင်းအဆိုတော် ဒေးဗစ်လိုင်က စင်ကာပူဒေါ်လာ ၃၀၀၀ မတည်လှူဒါန်း
DVB
·
October 31, 2021
ထန်တလန်အတွက် ချင်းအဆိုတော် ဒေးဗစ်လိုင်က စင်ကာပူဒေါ်လာ ၃၀၀၀ မတည်လှူဒါန်း
Donate to DVB

စစ်ဘေးဒဏ်သင့် ထိခိုက်ဆုံးရှုံးမှုတွေနဲ့ ထန်တလန်မြို့အတွက်  ချင်းတိုင်းရင်းသားအဆိုတော် ဒေးဗစ်လိုင်က စင်ကာပူဒေါ်လာ ၃,၀၀၀ မတည်လှူဒါန်းလိုက်ပြီး အားလုံးအတူတူ ထောက်ပံ့ကြဖို့ နှိုးဆော်ထားပါတယ်။

“ထန်တလန်မြို့နဲ့ ပတ်သက်တဲ့ အလှူငွေလေးတွေ ပေးနိုင်ဖို့ရန်အတွက် ကျနော် စင်ကာပူဒေါ်လာ ၃,၀၀၀ မတည်ငွေပြုပြီးတော့ အားလုံးလှူဒါန်းနိုင်ရန်အတွက် အလှူခံရခြင်းဖြစ်ပါတယ်။ အားလုံးမြင်တွေ့ ကြားတွေ့ခဲ့ရတဲ့အတိုင်းပဲ၊ မနေ့က ထန်တလန်မြို့မှာ အိုးအိမ်များစွာ ဆုံးရှုံးခဲ့ရသလို အရင်နေ့တွေကလည်းပဲ တမြို့လုံးနီးပါး ရှောင်တိမ်းခဲ့ရတယ်။ ထွက်ခွာခဲ့ရတယ်ဆိုတာလည်း အားလုံးသိကြမယ်လို့ ထင်ပါတယ်။ အဲဒီအတွက် ကျနော် အင်မတန် ဝမ်းနည်းခဲ့ပါတယ်၊ အရမ်းပဲ စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။”

ချင်းပြည်နယ်မှာတော့ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေစတင်ခဲ့တာ လနဲ့ချီကြာမြင့်နေခဲ့ပြီဖြစ်ကာ တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထောင်သောင်းချီ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေ ကြရတယ်လို့ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေဟာ အောက်တိုဘာ ၂၉ ရက် မနက်ပိုင်းမှာ ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တာ၊ မီးရှို့ဖျက်ဆီးတာတွေကြောင့် ခရစ်ယာန် ဘုရားကျောင်းနဲ့ သာသနိကအဆောက်အအုံတွေ အနည်းဆုံး ၃ ခုအပါအဝင် လူနေအိမ်ခြေ ရာနဲ့ချီ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက  ကုလသမဂ္ဂ အထွေထွေညီလာခံမှာ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့  ပြည်သူတွေကို စစ်တပ်ရဲ့ ရက် စက်ကြမ်းကြုတ်မှုတွေမှ အကာအကွယ်ပေးနိုင်ရေး အမြန်ဆုံးအရေးယူဆောင်ရွက်ဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကလည်း ချင်းပြည်နယ်၊ ကယား (ကရင်နီ)ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့အပါအဝင် မြန်မာနိုင်ငံတဝန်း စစ်ကောင်စီကြောင့် အရပ်သားပြည်သူတွေ ဒုက္ခမျိုးစုံ ရင်ဆိုင်ကြုံတွေ့ခံစားနေရမှုကို အမြန်ဆုံးရပ်တန့်နိုင်ရေးအတွက် ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ အလျင်အမြန်ပြုလုပ်နိုင်ဖို့ အာဆီယံနဲ့ ကုလသမဂ္ဂအဖွဲ့တွေ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကို အလေးအနက် တိုက် တွန်းထားပါတယ်။

လတ်တလောမှာတော့ ထန်တလန်ကို ပြန်လည်ထူထောင်နိုင်ဖို့ စင်ကာပူ၊ ဩစတြေးလျနဲ့ အမေရိကန်နိုင်ငံတွေကလည်း ပါဝင်လှူဒါန်းနိုင်ဖို့ ဆက်သွယ်လှူဒါန်းရမယ့် လူပုဂ္ဂိုလ်၊ ငွေစာရင်းအကောင့်တွေကို ထန်တလန်မြို့နယ် နေရာချထားရေးကော်မတီက ဖော်ပြထားပါတယ်။

"Donations Site for Thantlang Fire and War victims"

Country: Singapore

Name: Chin Chin

445564990 POSB/DBS

Pay now: 89461450

Country: Australia

Name: Kap Mualhlun

BSB: 066134

Account Number: 10497410

Phone Number:0421664629

Country: America

Name: Romal Peng Cung Lian

Bank Account: 786450411

Phone: 0016146951446

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013