DVB Logo
Home
မြန်မာသတင်း
NLD နာယက ဦးဝင်းထိန်ကို ထောင်ဒဏ် နှစ် ၂၀ ချမှတ်
DVB
·
October 29, 2021
NLD နာယက ဦးဝင်းထိန်ကို ထောင်ဒဏ် နှစ် ၂၀ ချမှတ်
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နာယက ဦးဝင်းထိန်ကို အာဏာသိမ်း စစ်ကောင်စီတရားရုံးက ထောင်ဒဏ်အနှစ် ၂၀ ချမှတ်လိုက်ပြီး ရှေ့နေအဖွဲ့က အယူခံဆက်ဝင်သွားဖို့ ရှိနေပါတယ်။

အောက်တိုဘာ ၂၉ ရက်နေ့ညနေပိုင်းမှာ နေပြည်တော်အချုပ်ထောင် ဒက္ခိဏခရိုင်အထူးတရားရုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နာယက ဦးဝင်းထိန်ကို ထောင်ဒဏ်အနှစ် ၂၀ ချမှတ်လိုက်တယ်လို့ သူ့ရဲ့ရှေ့နေ ဦးမြင့်လွင်က အတည်ပြုပါတယ်။ 

ဦးဝင်းထိန်ကို စွဲဆိုထားတဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ဟာ ပြစ်မှုထင်ရှားရင် အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် အနှစ် ၂၀ အထိ ချမှတ်နိုင်တဲ့ပုဒ်မဖြစ်ပြီး ဦးဝင်းထိန်ဟာ အမြင့်ဆုံးပြစ်ဒဏ်ကိုချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

ဦးဝင်းထိန်ရဲ့ရှေ့နေ ဦးမြင့်လွင်က "ဒီနေ့ ညနေ ၃ နာရီမှာ နေပြည်တော်အချုပ်ထောင် ဒက္ခိဏခရိုင်အထူးတရားရုံးကနေ အန်ကယ်ထိန်ကို ရာဇသတ်ကြီးပုဒ်မ ၁၂၄(က)နဲ့ ထောင်ဒဏ်အနှစ် ၂၀ ချလိုက်တာပါဗျ။ နံပါတ်တစ်ကတော့ အန်ကယ်ထိန်က ပါတီမှာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ပြည်သူတွေကို ပြောစရာရှိတာကို ပြောတယ်။ သတင်းစာရှင်းလင်းပွဲလုပ်တယ်။ ပြည်သူသို့ပန်ကြားချက်ဆိုတဲ့ စာတွေ ထုတ်တယ်။ သတင်းစာရှင်းလင်းပွဲလုပ်တာကို သူတို့က  ရာဇသတ်ကြီးပုဒ်မ ၁၂၄(က) နဲ့ ငြိစွန်းတယ်ဆိုပြီး စွပ်စွဲပါတယ်။ ကျနော်တို့က ဥပဒေအရရှင်းလင်းတယ်။ ပါတီလူကြီးတစ်ယောက်အနေနဲ့ အစိုးရတစ်ခုကို သုံးသပ်ခွင့်ရှိတယ်ဆိုတဲ့ ဥပဒေ စီရင်ထုံးတွေနဲ့ ထုချေပြီး ကျနော်တို့ ခုခံခဲ့ပါတယ်။"

ဦးဝင်းထိန်ကို ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ပြီးနောက် ဘယ်အကျဉ်းထောင်မှာ ထိန်းသိမ်းမယ်ဆိုတာကိုတော့ အတိအကျမသိရသေးဘဲ ပြစ်မှုမမြောက်ဘဲ စွပ်စွဲခံရတာဖြစ်တဲ့အတွက် အယူခံဆက်ဝင်သွားမယ်လို့ ရှေ့နေ ဦးမြင့်လွင်က ပြောပါတယ်။

"ပြစ်ဒဏ်ချပြီးပြီးချင်း ရဲတပ်ဖွဲ့ဝင်တွေက အနှစ် ၂၀ ဖြစ်တဲ့အတွက် သူတို့ ဘယ်အကျဉ်းထောင်ပို့မယ်ဆိုတာ စီစဉ်နေပါတယ်။ အဲ့ဒါတော့ ကျနော်အတိအကျမသိရပါဘူး။ ထောင်က မန္တလေးကိုပို့မလား၊ ရန်ကုန်ပို့မလား၊ မြင်းခြံပို့မလား သူတို့ဘာသာစီစဉ်နေတာပါ။ အယူခံတက်မှာပါ။ ကျနော်တို့က ဥပဒေအကာအကွယ်အရ ဒီလိုစွဲလို့မရဘူး။ ဥပဒေက ကျူးလွန်တာမဟုတ်ဘူး။ ပြောရေးဆိုခွင့်အရ ပြောတာသည် ပြစ်မှုမမြောက်ဘူးဆိုတဲ့ ဥပဒေပြဋ္ဌာန်းချက်တွေ စီရင်ထုံးတွေ ကိုးကားပြီးတော့ အယူခံဆက်တက်မှာပါဗျ။"

အသက် ၈ဝ အရွယ် ဉီးဝင်းထိန်ကို နေပြည်တော် ဥတ္တရသီရိခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက် နေ့က တရားစွဲဆိုခဲ့တာပါ။ 

တရားလိုရဲ့စွပ်စွဲချက်မှာတော့ ဦးဝင်းထိန်က ဖေဖော်ဝါရီ ၁ ရက် သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်အောင်ပြောဆိုပြီး သူ့ရဲ့ပြည်သူတွေဆီကို ပေးတဲ့ ပန်ကြားစာအရ တရားစွဲတာလို့ ဖော်ပြခဲ့ပါတယ်။ 

ဗိုလ်ကြီးဟောင်း ဉီးဝင်းထိန်ဟာ နိုင်ငံရေးပုဒ်မတွေနဲ့ ထောင် ၂ ကြိမ်ကျခဲ့ဖူးပြီး အနှစ် ၂၀ နီးပါး မန်းလေးထောင်၊အင်းစိန်ထောင်နဲ့ မြင်းခြံထောင်တွေမှာ နေခဲ့ရပြီး ရောဂါမျိုးစုံ ရှိနေတယ်လို့ သိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013