DVB Logo
Home
မြန်မာသတင်း
ကချင်အိုင်ဒီပီစခန်းတွင် ကိုဗစ်-၁၉ ရောဂါဖြင့် ၂ ဦးသေဆုံး၊ စခန်းကို lockdown ချ
DVB
·
October 29, 2021
ကချင်အိုင်ဒီပီစခန်းတွင် ကိုဗစ်-၁၉ ရောဂါဖြင့်  ၂ ဦးသေဆုံး၊ စခန်းကို lockdown ချ
Donate to DVB

ကေအိုင်အို ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်ဒေသမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုဖြစ်နေပြီး  ပါကထောင်း အိုင်ဒီပီ ဒုက္ခသည် စခန်းမှာ အောက်တိုဘာ ၂၈ ရက်က ကိုဗစ်-၁၉ ရောဂါနဲ့  ၂ ဦး သေဆုံးသွားတယ်လို့ ကချင်လူမှုကယ်ဆယ်ရေးအဖွဲ့က ပြော ပါတယ်။

မိုင်ဂျာယန်ဒေသ ပါကထောင် (Pa Kahtawng) အိုင်ဒီပီ ဒုက္ခသည်စခန်းမှာ  လက်ရှိကိုဗစ်-၁၉ အတည်ပြုလူနာ  ၁၈၃ ဦးရှိနေပြီး စခန်းကို Lockdown ချထားတယ်လို့ ကချင်လူမှုရေးအဖွဲ့က ဒေါ်မေရီထောင်က ပြောပါတယ်။

“မနေ့ကကတော့ ပါကထောင်းဆိုတဲ့ အိုင်ဒီပီစခန်းကနေ ၁၈၃ ယောက် positive ထွက်တယ်။ သူတို့ကို Quarantine care center ကိုရွေ့တယ်။ အဲဆိုတော့ အခုလောလောဆယ် lockdown ချလိုက်တယ်ပေါ့နော်။ ” 

အဆိုပါ စခန်းမှာ ဇွန်လတုန်းကစပြီး ကိုဗစ်-၁၉ စတင်ဖြစ်ပွားခဲ့ရာ စခန်းကို lockdown ချကုသပေးပြီး ဇွန်၊ ဇူလိုင် နဲ့ ဩဂုတ်လ ၃ လမှာ ကုသပြီး လျော့နည်းသွားခဲ့ပေမယ့် အခု ရက်ပိုင်းကစပြီး နောက်ထပ်တခါ ကူးစက်ပြန့်ပွားလာတာလို့လည်း ပြောပါတယ်။

“ အခုက ဒီ မိုးအကုန် ဆောင်းအကူးဆိုတော့ အရမ်းလည်းအေးပြီ။ ဒီအချိန်မှာ ဖြစ်တာပေါ့။ ကျမတို့ ပြောရမယ်ဆိုရင် Outbreak ပုံစံလိုဖြစ်နေပြီပေါ့။ ၅၀၀ ကျော်ဖြစ်တဲ့အထဲမှာ ၁၈၃ ယောက် positive ဖြစ်တယ်ဆိုတော့ ဒါတောင်မှ ဒီရပ်ကွက်အလိုက်စစ်လိုက်တာပေါ့လေ။ ဆက်ပြီးတော့ စစ်မယ်ဆိုရင် positive ဘယ်လောက် ထွက်လာမဲဆိုတာ ကျမတို့ မသိသေးဘူး။ ကျမထင်တာတော့ များလာလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သက်ကြီးရွယ်အိုရော၊ ကလေးတွေကော နေမကောင်းဖြစ်တယ်။ ဒီတခေါက်ဖြစ်တာက ဇူလိုင်တုန်းကနဲ့မတူဘူး။ အသက်ကြီးသူဖြစ်ဆိုရင် နည်းနည်းလေးစိုးရိမ်ရတဲ့ဟာပေါ့။ ” 

ပါကထောင် အိုင်ဒီပီစခန်းမှာ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် လူသားချင်းစာနာထောက်ထားမှု အကူအညီ မရတာ ၃ လလောက်ရှိပြီဖြစ်ပြီး အစားအသောက်ခဲနေသလို ၊ လက်ရှိ ကိုဗစ်-၁၉ ရောဂါကြောင့် ပိုပြီး အခက်အခဲဖြစ်နေကြရပါတယ်။

ကချင်လူမှုရေးအဖွဲ့က ဒေါ်မေရီထောင်က “ အခုလောလောဆယ် နံပါတ် တစ်ဦးစားပေးကတော့ positive ဖြစ်တဲ့ လူနာတွေ ရယ်၊ အိုင်ဒီပီစခန်းမှာရှိတဲ့ အိုင်ဒီပီအားလုံးအတွက် အစားသောက်လိုအပ်တာရှိတယ်။ ပြီရင် ဆေးဝါးပေါ့။ ပြီးရင် အသက်ကြီးတဲ့လူနဲ့ ကလေးတွေအတွက် အဟာရဖြစ်စေမယ့်ဟာတွေလိုအပ်တယ်။ ”လို့ပြောပါတယ်။

အလားတူပဲ ပါကထောင်းအိုင်ဒီပီစခန်းနဲ့ ဘေးပတ်ဝန်ကျင်က ရွာတွေလည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်နေကြောင်းလည်း ပြောပါတယ်။

ဒါ့အပြင် တရုတ်နယ်စပ်မှာလည်း နယ်စပ်ဂိတ်တွေအကုန်ပိတ်ထားတဲ့အတွက် အစားသောက် ဝယ်ယူဖို့ ခက်ခဲသလို ဈေးလည်း အဆမတန်ကြီးမြင့်နေတတယ်လို့လည်းပြောပါတယ်။

ဒီလိုအလားတူပဲ ကေအိုင်အေ ထိန်းချုပ်နယ်မြေ အင်ဂျင်းယန်မြို့နယ် အင်ဂွမ်းလကျေးရွာမှာလည်း ကိုဗစ်ကူးစက်မှုတွေ မြင့်တက်နေပြီး အဆိုပါ ကျေးရွာရှိ အထက်တန်းကျောင်းမှာလည်း ကျောင်းသား ၈၀၀ ကျော်ထဲက ၄၅၀ ခန့်တွင် ကိုဗစ်ပိုးတွေ့ရှိတဲ့အနေအထားမှာရှိနေပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013