DVB Logo
Home
မြန်မာသတင်း
တပတ်အတွင်း စစ်ကောင်စီတပ်သား ၁၉၃ ဦးသေ၊ ၄၄ ဦးဒဏ်ရာရ
DVB
·
October 29, 2021
တပတ်အတွင်း စစ်ကောင်စီတပ်သား ၁၉၃ ဦးသေ၊ ၄၄ ဦးဒဏ်ရာရ
1 / 4
Donate to DVB

ပြီးခဲ့တဲ့ သီတင်းတပတ်အတွင်း မြန်မာနိုင်ငံအနှံ့ ခုခံတွန်းလှန်စစ်ပွဲ ၂၅ ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်က တပ်သား ၁၉၃ ယောက်သေဆုံးကာ ၄၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်ကနေ ၂၅ ရက်နေ့အထိ ရရှိခဲ့တဲ့ အချက်အ လက်တွေဖြစ်ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီဘက်က အကြမ်းဖက်ကျုးလွန်ခဲ့တဲ့ ဖြစ်စဉ်ပေါင်း ၅၀ တိတိရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကြောင့် အပြစ်မဲ့ ဒေသခံ ပြည်သူအယောက် ၃၀ သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သူအယောက်၂၀ နဲ့ ဖမ်းဆီး ထိန်းသိမ်းခံရသူအရေအတွက်ကတော့ ၇၄ ယောက်အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီအချက်အလက်တွေကိုတော့ သတင်းမီဒီယာပေါင်း ၄၀ နဲ့ မြေပြင်က တိုက်ရိုက်ရရှိတဲ့ သ တင်းအချက်အလက်တွေကို ဆန်းစစ်လေ့လာ စုစည်းထားတာဖြစ်ပြီး မြေပြင်မှာတော့ ခု ဖော်ပြထားတဲ့ ကိန်းဂဏန်းတွေထက် ပိုမိုဖြစ်ပွားနိုင်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တာ ၉ လနီးပါး ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီးထောင်ချခံရသူ တွေနဲ့အတူ နိုင်ငံအဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာ ကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ် ပြန်ချက် အရ လတ်တလောအချိန်ထိ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ် မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၂၂၀ နီးပါး၊ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူပေါင်း ၉,၃၀၀ ကျော် ရှိခဲ့ တယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကတော့ စစ်အာဏာရှင် ဆန့်ကျင်ရေး ခုခံတွန်းလှန် စစ်စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် စစ်အုပ်ချုပ်ရေးကို လှည်း နေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက် က ကြေညာထားခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013