Home
မြန်မာသတင်း
ပလိပ်မြို့၌ ပစ်သတ်ခံရသူ၏အလောင်းကို စစ်ဆေးနေသည့် ရဲတပ်ဖွဲ့ မိုင်းခွဲတိုက်ခိုက်ခံရ
DVB
·
October 29, 2021
250381410_3072722406388833_1716483692991397426_n

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ ပလိပ်မြို့မှာ အောက်တိုဘာ ၂၈ ရက်မနက်က အုပ်ချုပ်ရေးမှူး တယောက် သေနတ်နဲ့ပစ်သတ်ခံရလို့ စစ်ကောင်စီတပ်တွေ အလောင်းကိုစစ်ဆေးနေချိန် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ရဲတပ်သား ၁ ဦးသေဆုံးပြီး တချို့ဒဏ်ရာရသွားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ရဲ့ အလောင်းကို စစ်ဆေးနေချိန် နေအိမ်အတွင်း ပေါက်ကွဲမှုဖြစ်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး  အုပ်ချုပ်ရေးမှူးရဲ့ တူဖြစ်သူ ထိခိုက်ဒဏ်ရာရခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

ပစ်သတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးနဲ့ နီးစပ်သူဒေသခံတစ်ဦးက  "အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရပြီး မနက် ၈နာရီ လောက်မှာ  အလောင်းကိုစစ်ဆေးနေတုန်း ဗုံးထပ်ပေါက်တာ။ စစ်ကောင်စီ အဖွဲ့ထဲက တစ်ဦးသေတယ်။ သူ့တူတစ်ဦးဒဏ်ရာ ရတယ် "လို့  ပြောပါတယ်။

အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဟာ အန်အယ်လ်ဒီအစိုးရလက်ထက်ကတည်းက မဲနဲ့ အနိုင်ရတဲ့ အုပ်ချုပ်ရေးမှူးဖြစ်ပြီး   စစ်ကောင်စီလက်ထက်မှာလည်း ဆက်လက်လုပ်ကိုင်နေတဲ့အတွက် ထောက်ခံစာပြုလုပ်မယ့်ပုံစံနဲ့  အိမ်အတွင်းမှာ လာရောက်ပစ်ခတ်သွားတာပါ။

LPDF စဉ့်ကိုင်အဖွဲ့နဲ့  အမည်မဖော်လိုတဲ့ မြို့ပြပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီး အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ရဲ့ နေအိမ်ကို ဝင်ရောက် ပစ်ခတ်ပြီးနောက် မိုင်းတလုံးထောင်ထားခဲ့တာ ဖြစ်ပြီး မိုင်းပေါက်ကွဲမှုကြောင့် ရဲတပ်သား ၁ ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရသွားတယ်လို့  စဉ့်ကိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LPDF က ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024