DVB Logo
Home
မြန်မာသတင်း
NUG အစိုးရ၏ အာဆီယံဆိုင်ရာ သံအမတ်ကြီးအဖြစ် NCGUB ဝန်ကြီးဟောင်း ဦးဘိုလှတင့်ကို ခန့်အပ်
DVB
·
October 26, 2021
NUG အစိုးရ၏ အာဆီယံဆိုင်ရာ သံအမတ်ကြီးအဖြစ် NCGUB ဝန်ကြီးဟောင်း ဦးဘိုလှတင့်ကို ခန့်အပ်
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ NUG က အာဆီယံဆိုင်ရာ သံအမတ်ကြီးအဖြစ် ပြည်ပအခြေစိုက် ဝါရင့်နိုင်ငံရေးသမားတဦးဖြစ်တဲ့  အဝေးရောက်ညွန့်ပေါင်းအစိုးရ NCGUB ဝန်ကြီးဟောင်း ဦးဘိုလှတင့်ကို ခန့်အပ်တာဝန်ပေးလိုက်ပါတယ်။

အာဆီယံအဖွဲ့ကြီးနဲ့ ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းတွေ ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်ဖို့အတွက်  ဦးဘိုလှတင့်ကို  သံအမတ်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးအပ်လိုက်တာလို့ NUG နိုင်ငံခြားရေးဌာနက  အောက်တိုဘာ ၂၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။ 

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီလွှတ်တော်အမတ်ဟောင်း ဦးဘိုလှတင့်ဟာ  ဒေါက်တာစိန်ဝင်းဦးဆောင်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) အစိုးရအဖွဲ့မှာ ဆောက်လုပ်ရေးဝန်ကြီးနဲ့ သတ္တုတွင်းဝန်ကြီးတာဝန်  ထမ်းဆောင်ခဲ့ဖူးပါတယ်။

ဒါ့အပြင် NCGUB ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း ဦးဆောင်တဲ့ ကုလသမဂ္ဂ မြန်မာကိုယ်စားလှယ်အဖွဲ့မှာလည်း ပါဝင်တာဝန်ထမ်းဆောင်ခဲ့သလို နိုင်ငံခြားရေးဝန်ကြီးတာဝန်ကို NCGUB ဖျက်သိမ်းခဲ့တဲ့ ၂၀၁၂ ခုနှစ်အထိ ထမ်းဆောင်ခဲ့ဖူးပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013