DVB Logo
Home
မြန်မာသတင်း
တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့သည့်ဆေးကျောင်းသားအပါအဝင် အပြစ်မဲ့ကျဆုံးပြည်သူ ၁၁၉၉ ဦးရှိလာ
DVB
·
October 26, 2021
တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့သည့်ဆေးကျောင်းသားအပါအဝင် အပြစ်မဲ့ကျဆုံးပြည်သူ ၁၁၉၉ ဦးရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၉ လနီးပါးအကြာ အကြမ်းဖက်စစ်တပ် ပစ် ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူပေါင်း ၁၁၉၉ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ အောက်တိုဘာ ၂၅ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၉၁၉၃ ယောက် ဖမ်းဆီးခံခဲ့ရကာ ၇၀၃၂ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၃၀၄ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်က တော့ ၁၉၅၄ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေဒဏ်ချ မှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။

အောက်တိုဘာ ၂၄ ရက်မနက် ၉ နာရီဝန်းကျင်က ရှမ်းပြည်နယ်၊ မိုးဗြဲမြို့အခြေစိုက် ခမရ ၄၂၂ မှ မိုးဗြဲမြို့ လူနေရပ်ကွက်ထဲကို လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် အသက် ၆၀ အရွယ် ဒေါ်မူလွမ်းမှာ ဦးခေါင်းကို လက်နက်ကြီးကျည်စထိမှန်ကာ ကျဆုံးသွားခဲ့ပြီး ကလေး ၂ ယောက်အပါအဝင် အရပ်သား ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့မှာလည်း အောက်တိုဘာ ၂၄ ရက်ညနေပိုင်းက တိမ်းရှောင်နေတဲ့ သပိတ်ခေါင်းဆောင် ကိုကျော်ဝင်းစိန်ရဲ့ နေအိမ်ကို အကြမ်းဖက် စစ်အုပ်စုတပ်တွေ ဝင်ရောက်စီးနင်းခဲ့ပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ပြုလုပ်ထားတဲ့ သူ့ရဲ့ မရီးဖြစ်သူ ကျောင်းဆရာမ မမေနှင်းအေးကို ပစ်သတ်သွားခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၅ ရက်နေ့က ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ ချင်းအမျိုးသားတပ်မ တော် ဆေးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ရန်ကုန်ဆေးတက္ကသိုလ် ၂ ကျောင်းသား ကိုနိုင်ထူးလွင်ကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးခဲ့ပြီး ပစ်သတ်ခဲ့ကြောင်း သိရှိရပြီး သူ့ရဲ့ ရုပ်အလောင်းကိုတော့ အောက်တိုဘာ ၂၃ ရက်နေ့က ဖလမ်းမြို့၊ လုံပီးရပ်ကွက်မှာ ပြန် တွေ့ရှိခဲ့ရတယ်လို့ သိရှိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရတာတွေနဲ့ပတ်သက်လို့ နွေဦး တော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေ အေပီပီကို ဆက်သွယ် အသိပေး အကြောင်းကြားနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီ လည်း တိုက်ရိုက်ပေးပို့ဆက်သွယ် အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013