လုံခြုံရေးပိုပေးရန် မက္ကဆီကိုဆေးကျောင်းသားများ တောင်းဆို
DVB
·
February 27, 2020
မက္ကဆီကို ဆေးကျောင်းသားတွေဟာ ပွေဘလာမြို့ရဲ့ လမ်းတွေအတိုင်း ဖေဖော်ဝါရီ ၂၅ ရက်က ချီတက်ခဲ့ကြပြီး ကျောင်းသားတွေအတွက် လုံခြုံရေး ပိုပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
သူတို့ရဲ့ ကျောင်းနေဖက် သူငယ်ချင်း ၃ ယောက် အသတ်ခံထားရတာကို ဖေဖော်ဝါရီ ၂၄ ရက်က အူဘာ အငှားယာဉ်မောင်းတယောက်က တွေ့ခဲ့အပြီး ခုလို ဆန္ဒပြကြတာပါ။
ရာဇဝတ်မှုအတွက် သံသယရှိသူ ၃ ယောက်ကို ဖမ်းထားပြီးပြီလို့ ရဲက ပြောပါတယ်။ ကားတိုက်မှုကြောင့် ဆေးကျောင်းသား ၃ ယောက် သေဆုံးတာလို့ ရဲတွေက ယုံကြည်ထားပါတယ်။
ဆေးကျောင်းသား ၃ ယောက်ထဲက ၂ ယောက်ဟာ မက္ကဆီကိုနိုင်ငံဆီ ကျောင်းသား ဖလှယ်ရေး အစီအစဉ်နဲ့ ရောက်လာတဲ့ ကိုလံဘီယာနိုင်ငံသားတွေပါ။
“သူက ကလေးအထူးကု ဖြစ်ချင်ခဲ့တာ။ ခုတော့ ကျနော်တို့သူငယ်ချင်း ၃ ယောက် အတူ အထူးကု မဖြစ်နိုင်တော့ဘူး။ သူတို့ ကျနော့်ညီကို ကျနော့်ဆီကနေ ခေါ်ထုတ်သွားပြီ” လို့ ဆေးကျောင်းသား ကီဗင်ဂွန်ဇာလဲ့က ပြောပါတယ်။
“ကျနော်တို့က လူ့အသက်ကို ကယ်ဖို့ လေ့လာနေပေမယ့် ပြောင်းပြန်အနေနဲ့ သူတို့က ကျနော်တို့အပေါ် ခုလို လုပ်တယ်။ ကျနော်တို့အတွက် လုံခြုံရေးပေးဖို့ တောင်းဆိုတယ်”လို့ ဆေးကျောင်းသား ဆာမန်သာစန်ချဲ့ဇ်က ပြောပါတယ်။
မနှစ်က မက္ကဆီကိုနိုင်ငံမှာ လူသတ်မှု စံချိန်တင်ခဲ့ပြီး လူ ၃၄၀၀၀ အသတ်ခံခဲ့ရပါတယ်။