DVB Logo
Home
မြန်မာသတင်း
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ အသက်အန္တရာယ်စိုးရိမ်နေရဆဲ
DVB
·
October 25, 2021
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ အသက်အန္တရာယ်စိုးရိမ်နေရဆဲ
Donate to DVB

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီဟာ ဖမ်းဆီးခံရတုန်းက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားလို့  မင်္ဂလာဒုံစစ်ဆေးရုံမှာ ဆေးကုသမှုခံနေရပြီး အောက်တိုဘာ ၂၅ ရက် ဒီနေ့မနက် နောက်ဆုံးကြား သိထားရတဲ့အခြေအနေအရ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အနေအထားရှိနေတယ်လို့ မိသားစုထံက သိရပါတယ်။

ကိုဂျင်မီရဲ့ ဇနီး မနီလာသိန်းက ''အစ်မနောက်ဆုံးသိရတာကတော့ စစ်ဆေးရုံမှာပဲ ရှိသေးတယ်။ စိုးရိမ်ရတဲ့အအနေအထားရှိတယ်လို့ သိထားတယ်။ ဒါအစ်မ နောက်ဆုံး  သိထားတဲ့အခြေအနေပေါ့ "လို့ ပြောပါတယ်။

ဒဏ်ရာက ဘယ်လိုရရှိတာလဲဆိုတာ အတိအကျမသိရပေမယ့် စစ်ကောင်စီက ဖမ်းဆီးစဉ်မှာရရှိတဲ့ ဒဏ်ရာဖြစ်တာကြောင့် နောက်ဆက်တွဲအခြေအနေအားလုံးဟာ စစ်တပ်မှာပဲတာဝန်ရှိသလို အားလုံး ကိုတာဝန်ယူရမယ်လို့ မနီလာသိန်းက ပြောပါတယ်။

အမျိုးသားဖြစ်သူ ဖမ်းဆီးခံလိုက်ရတာကြောင့် ဝမ်းနည်းပေမယ့် စစ်အာဏာရှင်ဆန့်ကျင်ရေးကို ပြည်သူတွေနဲ့အတူ အဆုံးထိလုပ်ဆောင်သွားမယ်လို့လည်း မနီလာသိန်းက ပြောပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဉီးဖြစ်တဲ့ ကိုဂျင်မီကို အောက်တိုဘာ ၂၃ ရက်  ညပိုင်းမှာ စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ သူနေထိုင်တဲ့  ရန်ကုန်မြို့  ဒဂုံမြို့သစ် (မြောက်ပိုင်း)က နေအိမ်မှာ ဖမ်းဆီးခဲ့တာပါ။

နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဂျင်မီဟာ ရှစ်လေးလုံးမျိုးဆက် ထင်ရှားတဲ့ ကျောင်းသားခေါင်းဆောင်တဦးဖြစ်ပြီး ကိုမင်းကိုနိုင်နဲ့အတူ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းကို ဦးဆောင်နေသူ ဖြစ်ပါတယ်။

Photo Credit- Nilar Thein Facebook

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013