
မွန်ပြည်နယ် ရေးမြို့နယ် မြောက်ပိုင်း လိမ္မော်ခြံကျေးရွာနှင့် ဘုရားကုန်းကျေးရွာအကြား စစ်ကောင်စီရဲ့ မြေအောက် ဆက်သွယ်ရေး ကြိုးလိုင်းအား အောက်တိုဘာ ၂၃ ရက်ညက မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ရေး PDF က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၂၄ ရက်နေ့ မနက် ၁၀ နာရီလောက်မှာလည်း ဆက်သွယ်ရေးလိုင်းအား လာရောက် ပြုပြင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ အင်အား ၁၀ လောက်ကိုလည်း ရေးနဲ့ သံဖြူဇရပ် PDF တို့ ပူးပေါင်းပြီး အနီးကပ် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ရှိနိုင်ပြီး အတိအကျကိုတော့ အတည်မပြုနိုင်သေးဘဲ ပူးပေါင်းအဖွဲ့ကတော့ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ရေး PDF မြောက်ပိုင်းအဖွဲ့က ပြောပါတယ်။
ရေး PDF က အောက်တိုဘာအတွင်း ရေးမြို့နယ် မြောက်ပိုင်းရှိ စစ်ကောင်စီရဲ့ ဆက်သွယ်ရေးလိုင်းအား မိုင်းခွဲဖြတ်တောက်နိုင်ခဲ့တာ အခုအကြမ်အပါအဝင် ၄ ကြိမ် ရှိပြီလို့ ဆိုပါတယ္။
ရေး PDF က စစ်ကောင်စီရဲ့ သတင်းပေးတွေနဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေကို သုတ်သင်ရှင်းလင်းနေသလို ရဲစခန်းနဲ့ Mytel တာဝါတိုင်တို့ကိုလည်း ဖောက်ခွဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။