DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့အချောဆုံး အမျိုးသား ၁၀၀ ဆန်ကာတင်စာရင်းတွင် ပိုင်တံခွန် ပါဝင်လာ
DVB
·
October 24, 2021
ကမ္ဘာ့အချောဆုံး အမျိုးသား ၁၀၀ ဆန်ကာတင်စာရင်းတွင် ပိုင်တံခွန် ပါဝင်လာ
Donate to DVB

မတရား ဖမ်းဆီးခံထားရတဲ့ သရုပ်ဆောင် ပိုင်တံခွန်ဟာ TC Candler Entertainment က ထုတ်ပြန်တဲ့ ၂၀၂၁ ခုနှစ်အတွက် ကမ္ဘာ့အချောဆုံး အမျိုးသား ၁၀၀ ဆန်ကာတင်စာရင်းမှာ ပါဝင်လာပါတယ်။ 

ကမ္ဘာ့နာမည်ကျော် 100 Most Handsome Faces List ကို TC CANDLER နဲ့ The Independent Critics တို့က ၁၉၉၀ ပြည့်နှစ်ကတည်းက စတင်ဖော်ပြခဲ့တာပါ။ 

အခုနောက်ပိုင်းမှာတော့ ဒီစာရင်းဟာ သန်းနဲ့ချီတဲ့ ကြည့်ရှုသူတွေရဲ့ စိတ်ဝင်စားမှုကို ရရှိလာတာ ဖြစ်ပါတယ်။ 

TC Candler က‌နေ ကမ္ဘာ့အချောဆုံး မျက်နှာပိုင်ရှင် အမျိုးသား နဲ့ အမျိုးသမီးစာရင်းကို နှစ်စဉ် ထုတ်ပြန်နေတာဖြစ်ပြီး ၂၀၂၁ ခုနှစ်အတွက် အချောဆုံး မျက်နှာပိုင်ရှင်အဖြစ် သတ်မှတ်ခံရနိုင်ချေရှိတဲ့ ဆန်ခါတင်စာရင်းကိုတော့ သူတို့ရဲ့ Instagram မှာ ထုတ်ပြန်ကြေညာခဲ့ပြီး ပိုင်တံခွန် ပါဝင်ခဲ့တာပါ။ 

၂၀၂၀ အတွက် The 100 Most Handsome & Beautiful Faces 2020 စာရင်းမှာလည်း ပိုင်တံခွန်ပါဝင်တယ်လို့ TC Candler Entertainment က ကြေညာထားပါသေးတယ်။ 

သရုပ်ဆောင်ပိုင်တံခွန်ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က မတရား အာဏာသိမ်းပြီးကတည်းက အမှန်တရားဘက်က ရပ်တည်ကာ လမ်းပေါ်ထွက်ဆန္ဒပြခဲ့တာကြောင့် ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆို အဖမ်းခံထားရပြီး အခုဆိုရင် ၆ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013