DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့ရုပ်အချောဆုံး အမျိုးသား ၁၀၀ စာရင်းတွင် ပိုင်တံခွန် ထိပ်ဆုံးက ရပ်တည် (ရုပ်သံ)
DVB
·
December 28, 2021
ကမ္ဘာ့ရုပ်အချောဆုံး အမျိုးသား ၁၀၀ စာရင်းတွင် ပိုင်တံခွန် ထိပ်ဆုံးက ရပ်တည် (ရုပ်သံ)
1 / 3
Donate to DVB

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့ရုပ်အချောဆုံး မျက်နှာပိုင်ရှင် အမျိုးသား အယောက် ၁၀၀ စာရင်း (THE 100 MOST HANDSOME FACES of 2021) မှာ အင်းစိန်ထောင်တွင်း အကျဉ်းကျခံနေရတဲ့ မြန်မာမော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်က နံပါတ်တစ် ရရှိသွားပါတယ်။ 

ဒီနှစ်မှာ ကမ္ဘာတဝန်း နာမည်စာရင်းတင်သွင်းထား အယောက် ၂ သိန်းကျော်ထဲကနေ အချောဆုံးမျက်နှာပိုင်ရှင် အယောက် ၁၀၀ စာရင်းကို TC Candler က ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ထုတ်ပြန်လိုက်တာပါ။ 

ရုပ်အချောဆုံးမျက်နှာပိုင်ရှင် နံပါတ် ၁ ရရှိသွားတဲ့ မော်ဒယ် ပိုင်တံခွန်ဟာ သူ့ရဲ့ နွေဦးတော်လှန်ရေး လှုပ်ရှားမှုတွေကြောင့် ဒီဇင်ဘာ ၂၇ ရက်နေ့ကပဲ စစ်ကောင်စီက  အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရပါတယ်။ 

ပိုင်တံခွန်ကို ထောင်ဒဏ် ၃ ချမှတ်လိုက်ပြီး နောက်တရက်မှာပဲ ထုတ်ပြန်လိုက်တဲ့ TC Candler နဲ့ အချောဆုံးမျက်နှာပိုင်ရှင် အယောက် ၁၀၀ စာရင်း ဗွီဒီယိုရဲ့ နံပါတ်တစ်နေရာမှာ ပိုင်တံခွန်ရဲ့ မော်ဒယ်ပုံရိပ်တွေနဲ့အတူ နိုင်ငံရေးအကျဉ်းသား ပိုင်တံခွန်ကို အမြန်ဆုံးလွှတ်ပေးပါ ဆိုတဲ့ တောင်းဆိုချက်ကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။ 

တရုတ်နဲ့အာရှတလွှား ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ မြန်မာမော်ဒယ် ပိုင်တံခွန်ဟာ TC Candler ရဲ့ ကမ္ဘာ့အချောဆုံးမျက်နှာပိုင်ရှင်းများ အယောက် ၁၀၀ စာရင်းမှာ ဒုတိယအကြိမ် ပါဝင်တာဖြစ်ပြီး အခုနှစ် ၂၀၂၁ မှာတော့ နံပါတ်တစ်အဖြစ် ရွေးချယ်ဖော်ပြခံရတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013