DVB Logo
Home
မြန်မာသတင်း
မအူပင် နှင့် ပုသိမ်တွင် EPC ရုံး၊ ဒလန်များ ဖောက်ခွဲရှင်းလင်းခံရသဖြင့် စစ်တပ်က လုံခြုံရေး တင်းကျပ်
DVB
·
October 24, 2021
မအူပင် နှင့် ပုသိမ်တွင် EPC ရုံး၊ ဒလန်များ ဖောက်ခွဲရှင်းလင်းခံရသဖြင့် စစ်တပ်က လုံခြုံရေး တင်းကျပ်
1 / 8
Donate to DVB

ဧရာဝတီတိုင်း မအူပင်နဲ့ ပုသိမ်မြို့တို့မှာ EPC ရုံး ဗုံးခွဲခံရတာနဲ့ သတင်းပေး ဒလန်တွေ သုတ်သင်ခံနေရတာကြောင့် စစ်ကောင်စီတပ်က ရေပြင်မြေပြင်အလိုက် လုံခြုံရေးတင်းကျပ် စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မအူပင်မြို့ လျှပ်စစ်ဌာန EPC ရုံးအ၀င်အ၀မှာ မနေ့ည ၇ နာရီ၀န်းကျင်က  ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မအူပင်​ဒေသခံတွေက ပြောပါတယ်။

EPC ဟာ အခုရက်ပိုင်းအတွင်း ပြည်သူတွေဆီက လျှပ်စစ်မီတာခ တောင်းခံတာတွေ အခုရက်ပိုင်း ပြုလုပ်​နေ​တာလို့ ဆိုပါတယ်။

မအူပင်မြို့ခံတစ်ဦးက “လျှပ်စစ်ရုံးရှေ့ ​ပေါက်တယ်ကြားတယ်၊ အဲဒီဘက်မှာရုံး​တွေများတယ်၊ ထိခိုက်တယ် မကြားဘူး။ အခု စစ်တပ်​နဲ့ရဲ​ရောက်လာပြီး စစ်ဆေးတာတွေ လုပ်​​နေတယ်” လို့ ​ပြောပါတယ်။

မအူပင်မြို့၊ ​အောက်တိုဘာ ၂၂ ရက်ညကလည်း စစ်ကောင်စီ သတင်း​ပေးဒလန် ရာအိမ်မှူးတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ သိရပါတယ်။ ဗုံးဖောက်ခွဲမှုနဲ့ ဒလန် သုတ်သင်ရှင်းလင်းတာ ဘယ်အဖွဲ့က ပြုလုပ်တယ်ဆိုတာတော့ မသိရသေးပါဘူး။

ပုသိမ်မြို့မှာလည်း သတင်းပေးဒလန် ရှင်းလင်းခံရပြီး​နောက် အကြမ်းဖက်အာဏာသိမ်းအဖွဲ့က လုံခြုံ​ရေးအ​ကြောင်းပြ ရေပြင်မြေပြင် စစ်ဆေးတာနဲ့ ရပ်ကွက်တွေမှာ ဧည့်စာရင်း တင်းကျပ်စစ်ဆေးတာတွေ လုပ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ပြည်သူကို ​ခြောက်မယ်၊ အခုဆို ဆိုင်ကယ်​တွေ အကုန်စစ်၊ ဒဏ်​ကြေး​ဆောင်တာ​တွေလည်း လုပ်​နေတယ်။ သူတို့က ပြည်သူကိုနှိပ်စက်တာကြောင့် မ​အေးချမ်းတာ​လေ။ သူတို့ ဥပ​ဒေမသိ လုပ်ချင်တာ လုပ်​နေတာ။” 

တပ်မတော်၊ ရဲတပ်ဖွဲ့တို့ဟာ မြို့အဝင်အထွက်စစ်ဆေးတာ၊ ငဝန်မြစ်ကြောင်းက ရေယာဉ်တွေကို ပိုက်စိပ်တိုက်ရှာဖွေတာ၊ လမ်းဆုံလမ်းခွတွေမှာ မော်တော်ယာဉ်တွေကို အားရပ်တန့်စစ်ဆေးတာတွေ တင်းကျပ်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

​အောက်တိုဘာ ၁၉ ရက်​နေ့ကလည်း ပုသိမ်မြို့ထဲရှိ တာဝါတိုင် ဗုံးခွဲခံရသလို ​အောက်တိုဘာ ၂၀ ရက်​နေ့ကလည်း စစ်တပ်သတင်း​ပေးဒလန် ၁ ဦးအား Pathein Special Task Force က သုတ်သင်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013