DVB Logo
Home
မြန်မာသတင်း
ဒေါ်သင်းသင်းအောင်ပြန်လွတ်လာသည့်အပေါ် WLB ကြိုဆို၊ မတရားဖမ်းဆီးခံရသူအားလုံးကို ပြန်လွှတ်ရန်တောင်းဆို
DVB
·
October 21, 2021
ဒေါ်သင်းသင်းအောင်ပြန်လွတ်လာသည့်အပေါ် WLB ကြိုဆို၊ မတရားဖမ်းဆီးခံရသူအားလုံးကို  ပြန်လွှတ်ရန်တောင်းဆို
Donate to DVB

အမျိုးသမီးအဖွဲ့ချုပ်(မြန်မာနိုင်)ကို ဖွဲ့စည်းတည်ထောင်သူလည်းဖြစ်၊ မဇ္ဈိမမီဒီယာကို ပူးတွဲတည်ထောင်သူလည်းဖြစ်တဲ့  ဒေါ်သင်းသင်းအောင် ပြန်လည်လွတ်မြောက်လာတဲ့အပေါ် ဝမ်းမြောက်ကြောင်းနဲ့ ကျန်ရှိနေတဲ့ မတရားဖမ်းဆီးခံထားရသူအားလုံးကို ပြန်လွှတ်ပေးဖို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်)က တောင်းဆိုလိုက်ပါတယ်။

ဒေါ်သင်းသင်းအောင်ဟာ စစ်အာဏာသိမ်းပြီးနောက် ဧပြီလ ၈ ရက်ကတည်းက  မတရားဖမ်းဆီးခံခဲ့ရပြီး  အစောပိုင်းက ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ စစ်ကောင်စီက တရားစွဲထားတဲ့အတွက်  အမှုရင်ဆိုင်ရသလို  စက်တင်ဘာ ၂၂ ရက်နေ့ကစပြီးလည်း မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့်ပါ ထပ်တိုး တရားစွဲခံရသူဖြစ်ပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်ကို အာဆီယံထိပ်သီးအစည်းအဝေးမှာ ပေးမတက်ဖို့ ဆုံးဖြတ်ကြေညာလိုက်ပြီးနောက်မှာ စစ်ကောင်စီက နိုင်ငံတဝန်း အကျဉ်းထောင်တွေမှာ  ပုဒ်မ ၅၀၅(က)နဲ့ ပြစ်ဒဏ်ကျခံနေရသူ ၁၃၁၆ ဦးနဲ့ အမှုရင်ဆိုင် နေရသူ ၄၃၂၀ ဦးကို ပြန်လွှတ်ပေးကြောင်း ကြေညာခဲ့တာ ဖြစ်ပြီး ပြန်လွတ်သူတချို့ကို ပြန်ဖမ်းဆီးခဲ့တာ လည်းရှိပါတယ်။ 

ပြန်လွတ်လာတဲ့ အကျဉ်းသားတွေထဲမှာ ဒေါ်သင်းသင်းအောင်အပါအဝင်  သတင်းသမား  ၁၆ ယောက်လောက် ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

အခုလို ဒေါ်သင်းသင်းအောင်နဲ့တကွ တခြားအမျိုးသမီး လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေအပြင် မတရား ဖမ်းဆီးထိန်းသိမ်းခံရသူ လွှတ်မြောက်ရေးအတွက် အဖက်ဖက်မှ ဝိုင်းဝိုင်းစည်းရုံးလှုံ့ဆော်ကြတဲ့ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းတွေနဲ့ ပုဂ္ဂိုလ်တွေကိုအထူးကျေးဇူးတင်ကြောင်းလည်း  WLB က ထုတ်ပြန်ပါတယ်။

ဒါ့အပြင်  ကျန်ရှိနေတဲ့ မတရားဖမ်းဆီးခံထားရသူတွေ လွတ်မြောက်ရေး၊ စစ်အာဏာရှင်နဲ့ အာဏာရှင်မှန်သမျှအမြစ်ပြုတ်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူရေး၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုကို အာမခံတဲ့ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖော်ထွန်းရေးအတွက် မြန်မာပြည်သူတွေနဲ့အတူ ဆက်လက်စည်းရုံးအားပေးသွားဖို့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေကို WLB က တိုက်တွန်းထားပါတယ်။ 

Photo- WLB

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013