DVB Logo
Home
မြန်မာသတင်း
အမျိုးသမီးများအဖွဲ့ချုပ်ခေါင်းဆောင်သစ်ရွေးချယ်၊ ပြည်တွင်းမှာပြန်လည်အခြေချမည်
DVB
·
March 21, 2017
အမျိုးသမီးများအဖွဲ့ချုပ်ခေါင်းဆောင်သစ်ရွေးချယ်၊ ပြည်တွင်းမှာပြန်လည်အခြေချမည်
Donate to DVB

 

အမျိုးသမီးအဖွဲ့ ၁၃ ဖွဲ့နဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)ရဲ့ ၉ ကြိမ်မြောက် ညီလာခံကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၃ ရက်ကြာ ကျင်းပခဲ့ပြီး ခေါင်းဆောင်သစ်တွေကို ရွေးချယ်လိုက် ပါတယ်။

အမျိုးသမီးများအဖွဲ့ချုပ်ကို ဦးဆောင်အကြံဉာဏ်ပေးနိုင်ဖို့ မူဝါဒရေးရာ ဦးဆောင်အဖွဲ့ အဖြစ် အဖွဲ့ဝင်ကိုယ်စားလှယ် ၁ဦးကျစီပါဝင်တဲ့ အဖွဲ့ဝင် ၁၃ ယောက်နဲ့ ဖွဲ့စည်းပြီး အတွင်းရေးမှူး အဖွဲ့ကိုတော့ အထွေထွေအတွင်းရေးမှူးအဖြစ် ပလောင်အမျိုးသမီးများအဖွဲ့က မလွေးပိုးငေး၊ တွဲဖက် အထွေထွေအတွင်းရေးမှူး ၁ အဖြစ် ကရင်အမျိုးသမီးအဖွဲ့က နော်ဆဲဆဲနဲ့ တွဲဖက်အထွေထွေ အတွင်းရေးမှူး ၂ ကိုတော့ ကရင်နီ အမျိုးသမီးအဖွဲ့မော်ဒေးမြာတို့ကို အသစ်ရွေးချယ်ခန့်အပ်ပါတယ်။

ဒီညီလာခံမှာ  အတွင်းရေးမှူးအဖွဲ့ရဲ့ပြီးခဲ့တဲ့ သက်တမ်း ၂ နှစ်အတွင်း ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်း အစီရင်ခံစာတွေ၊ ဘဏ္ဍာရေးအစီရင်ခံစာတွေကို တင်ပြဆွေးနွေးသုံးသပ် အတည်ပြုတာတွေ လုပ်ဆောင်ခဲ့သလို အဖွဲ့ချုပ်ရဲ့ ဖွဲ့စည်းပုံကို ပြန်လည်သုံးသပ်ပြီး ရှေ့လုပ်ငန်းစဉ်တွေအတွက် ဖြည့်စွက်၊ ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေရဲ့ အဆင့်အတန်းမြှင့်တင်ခြင်းအားဖြင့်  ငြိမ်းချမ်းရေး၊ တရားမျှတရေးနဲ့  ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးတို့ကို ဦးတည်လုပ်ဆောင်သွားမယ်လို့လည်း ညီလာခံ အပြီးမှာ အမျိုးသမီးများအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

အသစ်ရွေးချယ်တင်မြောက်ခံထားရတဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ၁ နော်ဆဲဆဲက “ကျမ တို့ရဲ့ ရပ်တည်ချက်ထဲမှာဆိုရင်လည်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ issue တခုတော့ ချမှတ်ထားတာ ရှိတာပေါ့နော်။ ဒီငြိမ်းချမ်းရေးပါဝင်မှု အခန်းကဏ္ဍကိုလည်း ပါဝင်နိုင်တဲ့ အပိုင်းရသမျှ ကျမတို့ ကြိုးစား သွားမယ်။ အထူးသဖြင့် ကျမတို့ ပါဝင်မယ်။ နည်းဗျူဟာတွေတော့ ချထားတာရှိတာပေါ့နော်။ ဆိုတော့ ဆက်လက်ပြီးတော့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ တိုင်းရင်းသားလက်နက်ကိုင်နဲ့ တွေ့ဆုံတာတို့ ပြီးလို့ရှိရင် ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ တထောင့်တနေရာ ချမှတ်ထားတဲ့ ကဏ္ဍအသီးသီးမှာ ပါဝင်ဖို့လည်း ငြိမ်းချမ်းရေးကို လုပ်ဆောင်နိုင်မယ့်အမျိုး သမီးအဖွဲ့တဖွဲ့တော့ ဖွဲ့ထားတာရှိပါတယ်။ ”

ဒီအပြင် ညီလာခံအပြီးမှာ နှစ်ပေါင်းများစွာ နယ်စပ်ဒေသမှာ အခြေစိုက်ခဲ့တဲ့ (WLB) ရုံးအနေနဲ့ ပြည်တွင်းမှာ ပြန်လည်အခြေချဖို့လည်း ပြင်ဆင်မှုတွေ လုပ်ဆောင်သွားမယ်လို့လည်း နော်ဆဲဆဲက ပြောပါတယ်။

“ကျမတို့ဒီညီလာခံပြီးတဲ့နောက်ပိုင်းမှာ ရုံးအပြောင်းအရွှေ့လုပ်ဖို့ ပြန်လည်ပြီးတော့ အခြေအနေ ဘယ်လိုရှိကြောင်း ကျမတို့ သွားပြီးတော့ သုံးသပ်သွားမှာဖြစ်ပါတယ်။ ဆက်ပြီးတော့လည်း  (mission vision) အပေါ်မှာရှိတဲ့ ကိုယ့်ရဲ့ရပ်တည်ချက်အပေါ်မှာ လုပ်ဆောင်ထားပြီးတဲ့ လုပ်ငန်းတွေ သာမက လုပ်ဆောင်သွားမယ့်လုပ်ငန်းတွေကို အကောင်အထည်ဖော်သွား ဖို့ရှိတာပေါ့နော်။ ”

အမျိုးသမီးများအဖွဲ့ချူပ် (မြန်မာနိုင်ငံ)အနေနဲ့ ပြည်တွင်းစစ်ရပ်စဲပြီး ရေရှည်တည်တံ့တဲ့  ငြိမ်းချမ်းရေးကို တည်ဆောက်မယ့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းလာရေးအတွက် ပူးပေါင်းလုပ်ဆောင် သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ငြိမ်းချမ်းရေးနဲ့ တရားမျှတတဲ့ လူ့ဘောင်အဖွဲ့အစည်းကို ရှေးရှုပြီး အမျိုးသမီးတွေရဲ့ ဘ၀ အဆင့်အတန်း တိုးတက်မြင့်မားရေး ရည်ရွယ်ချက်နဲ့မျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)ကို  ၁၉၉၉ ဒီဇင်ဘာ ၉ ရက်က ထိုင်း၊ အိန္ဒိယနဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံတွေမှာ အခြေစိုက်တဲ့ အမျိုးသမီးအဖွဲ့အစည်း ၁၃ ဖွဲ့နဲ့ ဖွဲ့စည်း တည်ထောင်ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013