DVB Logo
Home
မြန်မာသတင်း
မင်းလှမြို့နယ်တွင် ကပစ စက်ရုံဝန်ထမ်း ၆ ဦးအပါဝင် ကိုဗစ်-၁၉ လူနာသစ် ၁၃ ဦးထပ်တွေ့
DVB
·
October 20, 2021
မင်းလှမြို့နယ်တွင် ကပစ စက်ရုံဝန်ထမ်း ၆ ဦးအပါဝင် ကိုဗစ်-၁၉ လူနာသစ် ၁၃ ဦးထပ်တွေ့
Donate to DVB

မကွေးတိုင်း၊ မင်းလှမြို့နယ်က စစ်လက်နက်ပစ္စည်းတွေထုတ်လုပ်ပေးတဲ့ ကပစ စက်ရုံ ၂ ရုံက ဝန်ထမ်း ၆ ယောက်အပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၃ ယောက် အောက်တိုဘာလ ၁၉ ရက်က ထပ်မံတွေ့ရှိခဲ့တယ်လို့ ပရဟိတအဖွဲ့တွေ ဆီကနေ သိရပါတယ်။

မင်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးဌာနမှာ မနေ့က နေ့လယ်ပိုင်းက ကိုဗစ်-၁၉ သံသယ လူနာတွေနဲ့ နေရပ်ပြန်လာသူ ၂၇၀ ယောက်ကို RDT Test Kits နဲ့ စစ်ဆေးရာ အမျိုးသား ၁၂ ယောက်နဲ့ အမျိုးသမီး ၁ ယောက်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာလို့ ပရဟိတအဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။

အဲဒီပိုးတွေ့တဲ့အထဲမှာ ကပစ(၂) စက်ရုံက အမျိုးသား ၁ ယောက်နဲ့ ကပစ (၁၀) စက်ရုံက အမျိုးသား ၅ ယောက်မှာ ကိုဗစ်ရောဂါပိုးတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

ကိုဗစ်ရောဂါပိုးတွေ့တဲ့လူနာတွေကို ကပစ စက်ရုံနှစ်ရုံရှိ  ကိုဗစ်စင်တာတွေနဲ့ မင်းလှမြို့ ပြည်သူ့ဆေးရုံ၊ လင်းကယ်၊ ရေနံမ၊ လက်ပံတံခါး တိုက်နယ်ဆေးရုံတွေနဲ့ မကျီးပင်ကျင်း၊ ဇီးတောကျေးရွာတွေရှိ  ကိုဗစ်စင်တာတွေမှာ ဆေးကုသပေးနေပါတယ်။

မင်းလှမြို့နယ်ထဲမှာ အောက်တိုဘာ ၁ ရက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၁၇၂ ယောက်တွေ့ရှိခဲ့ပြီးတော့ သေဆုံးတဲ့သူ ၇၀ ယောက်ရှိတယ်လို့ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013