DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်ထောင်မှ နိုင်ငံရေးအကျဉ်းသား ၂၀ လွတ်မြောက်၊ ၂ ဦးပြန်အဖမ်းခံရ
DVB
·
October 19, 2021
လွိုင်ကော်ထောင်မှ နိုင်ငံရေးအကျဉ်းသား ၂၀ လွတ်မြောက်၊ ၂ ဦးပြန်အဖမ်းခံရ
Donate to DVB

ကယားပြည်နယ်၊ လွိုင်ကော်အကျဉ်းထောင်ကနေ ရာဇသတ်ကြီး  ပုဒ်မ ၅၀၅(က)နဲ့ ဖမ်းဆီး အကျဉ်းချခံရသူ အယောက် ၂၀ ပြန်လည်လွတ်မြောက်လာပါတယ်။

စစ်ကောင်စီရဲ့ သီတင်းကျွတ် လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာသူတွေထဲမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး ဖမ်းဆီးခံရသူတွေ အများစုဖြစ်ပြီး ပုဒ်မ ၅၀၅(က) နဲ့ ထောင်ဒဏ်ချမှတ် ခံရတဲ့သူတွေ ဖြစ်ပါတယ်။

ဒေသခံ စောင့်ကြည့်နေသူတဦးရဲ့ ပြောဆိုချက်အရ အောက်တိုဘာ ၁၈ ရက် မနေ့ က ဒီးမော့ဆိုဘက် လူ ၃ ဦးကို လွိုင်ကော် အကျဉ်းထောင်ကနေ လွှတ်ပေးခဲ့တာဖြစ်ပြီး ဒီကနေ့ အောက်တိုဘာ ၁၉ ရက် မနက်မှာ တရားဝင် ၁၇ ဦးကို လွှတ်ပေးလိုက်တာလို့ ပြောပါတယ်။

ထောင်အာဏာပိုင်နဲ့ နီးစပ်သူတဦးရဲ့ ပြောပြချက်အရ လွိုင်ကော်အကျဉ်းထောင်မှာ လွှတ်ပေးဖို့ စာရင်းရှိသူ ၂၄ ဦးဖြစ်ပေမယ့် အဲဒီထဲက  ကျော်မင်းသူနဲ့ ထက်ဝေတို့ ၂ ဦးကတော့ ပုဒ်မ ၅၀၅ (က) အပြင် တခြားအမှုနဲ့ လွိုင်ကော်မြို့နယ်တရားရုံးမှာ အမှုရင်ဆိုင်နေရဆဲ ဖြစ်တဲ့အတွက် လွိုင်ကော် အကျဉ်းထောင်မှာ ပြန်လည်ထိန်းသိမ်းထားကြောင်း ပြောပါတယ်။

ဒီကနေ့ ပြန်လည်လွတ်မြောက်လာတဲ့ ၁၇ ဦးထဲမှာ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ ဒေါ်စန္ဒာဝင်းလည်း ပါဝင်သလို လွိုင်ကော်မြို့ထဲ နွားလဝိ၊ ရှမ်းစုနဲ့ ဒေါတမရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း ၃ ဦးလည်း ပြန်လည်လွတ်မြောက်လာပါတယ်။

ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း ကယားပြည်နယ်မှာ ဖမ်းဆီးခံရသူ ၁၃၀ နီးပါးရှိပြီး အဲဒီထဲက ၁၀၇ ဦးဟာ ပုဒ်မ (၅၀၅-(က) နဲ့ တရားစွဲဆိုခံခဲ့ရတာလို့  တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြမှုတွေနဲ့ပတ်သက်လို့ ပြစ်ဒဏ်ချပြီး အကျဉ်းသား ၁၃၁၆ ဦးနဲ့  တရားစွဲခံထားရသူ အယောက် ၄၃၂၀ ကို ပြန်လွှတ်ပေးမယ်လို့ အောက်တိုဘာ ၁၈ ရက်က စစ်ကောင်စီက ကြေညာလိုက်ပြီးနောက် အခုလို နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013