DVB Logo
Home
မြန်မာသတင်း
မင်းလှ အခြေစိုက် DVB CJ သတင်းထောက် ကိုသက်နိုင်ဝင်း ပြန်လွတ်
DVB
·
October 18, 2021
မင်းလှ အခြေစိုက် DVB CJ သတင်းထောက် ကိုသက်နိုင်ဝင်း ပြန်လွတ်
Donate to DVB

ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရတဲ့ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အခြေစိုက် DVB CJ သတင်းထောက် ကိုသက်နိုင်ဝင်း အောက်တိုဘာ ၁၈ ရက်ဒီကနေ့ အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာပါတယ်။

သတင်းထောက် ကိုသက်နိုင်ဝင်းဟာ အကျဉ်းထောင်မှာ ရက်ပေါင်း ၁၉၅ ရက်ကြာ ဖမ်းဆီးအကျဉ်းချ ခံရပြီးနောက် ဒီနေ့ညနေ ပြန်လွတ်လာတာဖြစ်ပြီး မိသားစုဝင်တွေက သွားရောက်ခေါ်ဆောင်နေကြတယ်လို့ သိရပါတယ်။

သတင်းထောက် ကိုသက်နိုင်ဝင်းဟာ DVB သတင်းဌာနရဲ့ CJ အဖြစ်လုပ်ကိုင်နေသူဖြစ်ပြီး၊ အရင်က Bago Weekly Journal နဲ့ မြေလတ်အသံ သတင်းဌာနတို့မှာ အလွတ်တန်းသတင်းထောက်အဖြစ် မင်းလှမြို့နယ်အတွင်း သတင်းတွေ ရေးသားပေးပို့နေသူလည်း ဖြစ်ပါတယ်။

ကိုသက်နိုင်ဝင်းကို ဧပြီ ၆ ရက်နေ့က မင်းလှမြို့ထဲက လက်ဖက်ရည်ဆိုင်တဆိုင်မှာ စစ်အုပ်စုက ဖမ်းဆီးသွားတာဖြစ်ပြီး၊ သာယာဝတီထောင်တွင်း ဖမ်းဆီးထိန်းသိမ်းကာ ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုခဲ့တာပါ။

ဒီနောက် သာယာဝတီထောင်တွင်းတရားရုံးကနေ ဇွန်လ ၁၆ ရက် နေ့လယ်ပိုင်းက ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တာလည်း ဖြစ်ပါတယ်။

ထောင်ဒဏ် ၂ နှစ်ချမှတ်ခံထားရတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့အခြေစိုက် DVB သတင်းထောက် ကိုအောင်ကျော်နဲ့ ထောင်ဒဏ် ၃ နှစ်ချခံထားရတဲ့ ပြည်သတင်းထောက် ကိုမင်းညိုတို့လည်း ဒီနေ့ ပြန်လွတ်လာခဲ့ကြပါတယ်။

အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ၁၃၁၆ ယောက်ကို အကျဉ်း‌ထောင် အသီးသီးကနေ ခံဝန်ကတိနဲ့ လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်တယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီကနေ့ အောက်တိုဘာ ၁၈ ရက်မှာ ကြေညာခဲ့ပြီးနောက် အခုလို လွတ်မြောက်လာတာလည်း ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၃၀၀ ကျော်ကို စစ်ကောင်စီက ကန့်သတ်ချက်နဲ့လွှတ်ပေးနေတာဖြစ်ပြီး  အနုပညာရှင်တွေ အပါအဝင် ဖမ်းဆီး တရားစွဲဆိုခံထားရသူ ၄၀၀၀ ကျော်ကိုလည်း အမှုရုပ်သိမ်း ပြန်လွှတ်ဖို့ အမိန့် ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013