DVB Logo
Home
မြန်မာသတင်း
မကွေးလေတပ်တွင် ဒုတပ်ကြပ် ၁ ဦးကို ဗိုလ်ကြီးနှင့်အပေါင်းပါများက နှိပ်စက်သတ်ဖြတ် အလောင်းဖျောက်
DVB
·
October 18, 2021
မကွေးလေတပ်တွင် ဒုတပ်ကြပ် ၁ ဦးကို ဗိုလ်ကြီးနှင့်အပေါင်းပါများက နှိပ်စက်သတ်ဖြတ်  အလောင်းဖျောက်
Donate to DVB

မကွေးမြို့ မြေပြင်အတတ်သင်လေတပ်စခန်းမှာ အရက်မူးနေတဲ့ ဒုတပ်ကြပ်တယောက်ကို  ဗိုလ်ကြီးအဆင့်ရှိသူနဲ့ တပ်ဖွဲ့ဝင်တွေက ဝိုင်းဝန်းထိုးကြိတ် လက်လွန်သေဆုံးသွားလို့ အလောင်းဖျောက်ခဲ့မှုနဲ့ ပတ်သက်လို့  ကျူးလွန်သူတွေကို စစ်ခုံရုံးဖွဲ့စစ်ဆေး အရေးယူဖို့ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လက  မကွေးမြို့၊ အမှတ် ၃ အထက ကျောင်းမှာ လုံခြုံရေး တာဝန်ထမ်းဆောင်နေတဲ့  မြေပြင်အတတ်သင်လေတပ်စခန်းမှ ဒုတပ်ကြပ် ရွှေလှမောင်ဟာ အရက်သေစာ သောက်စားခဲ့တယ်ဆိုပြီး ဗိုလ်ကြီး ထင်ကျော်လင်း၊ တပ်ကြပ်သီဟဖြိုးနဲ့ တခြားတပ်သား ၃ ယောက်တို့က ဝိုင်းဝန်းရိုက်နှက်ရာက ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့လို့ ဧရာဝတီမြစ်ထဲကို အလောင်းကိုမျှောချ ဖျောက်ဖျက်ခဲ့တာလို့ တပ်တွင်း သတင်းရင်းမြစ်ကနေ သိရပါတယ်။ 

အဲဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီး ခုံရုံးတွေ့ရှိချက် ထင်မြင်ယူဆချက်နဲ့ လေတပ်စခန်းဌာနချုပ်မှူးရဲ့ ထင်မြင်ယူဆချက်တွေကို ယေဘုယျသဘောတူကြောင်း ကာကွယ်ရေးဦးစီးချုပ် (လေ)က လက်မှတ်ထိုးထားတဲ့စာကို ဒီဗွီဘီက  လက်ခံရရှိခဲ့ပါတယ်။

အဆိုပါစာထဲမှာတော့ ဩဂုတ် ၁၇ ရက်ည ၇ နာရီလောက်က  အရက်မူးပြီး ဆဲဆိုနေတဲ့ ဒုတပ်ကြပ် ရွှေလှမောင်ကို ဗိုလ်ကြီးထင်ကျော်လင်းနဲ့ အပေါင်းအပါတွေက ရဲတပ်ဖွဲ့သုံးသားရေခါးပတ်၊ တယ်လီဖုန်းလိုင်းကြိုးတို့နဲ့ ရိုက်နှက်တာ၊ ထိုးကြိတ်တာ၊ ခြေသလုံး ညို့သကျည်းတလျှောက် ဝါးလုံးနဲ့လှိမ့်ပြီး အပြစ်ပေးခဲ့တာကို စစ်ဆေးတွေ့ရကြောင်း ရေးသားထားပါတယ်။ 

ဒါ့အပြင် ဩဂုတ် ၁၉ ရက်မှာလည်း ဒုတပ်ကြပ် ရွှေလှမောင်ကို  ဗိုလ်ကြီးထင်ကျော်လင်းက “မင်းကိုအရက်ဘယ်သူတိုက်သလဲ”လို့ မေးမြန်းကာ မျက်နှာကို ခြေထောက်နဲ့ ကန်ခဲ့ပြီးနောက် အပြင်သို့ဆွဲထုတ်၊တန်းစီကွင်းသို့ ခေါ်ဆောင်သွားခဲ့သလို တခြားတပ်သားတွေနဲ့အတူ ထပ်မံဝိုင်းဝန်း ကန်ကျောက်နှိပ်စက်ခဲ့တဲ့အပြင် ဓာတ်တိုင်မှာကြိုးနဲ့ချည်ထားပြီး ဒုတပ်ကြပ်ရဲ့မျက်နှာကို သေးနဲ့ ဝိုင်းပန်းတယ်လို့လည်း ဖော်ပြထားပါတယ်။ 

အဲဒီလို လုပ်ဆောင်ပြီးနောက်ပိုင်း အပြစ်ပေးခံရတဲ့ ဒုတပ်ကြပ်ဟာ သေဆုံးသွားခဲ့တာ ကြောင့် ဩဂုတ် ၁၉ ရက် ည ၁၁ နာရီလောက်မှာ အလောင်းကို  ဧရာဝတီမြစ်ထဲ ပစ်ချ အလောင်းဖျောက်ခဲ့ကာ  ဒုတပ်ကြပ် ရွှေလှမောင် လက်နက်မဲ့ ခွင့်မဲ့ပျက်ကွက်တယ်ဆိုပြီး တပ်ရင်းမှူးထံ  တယ်လီဖုန်းနဲ့ လိမ်လည်သတင်းပို့ခဲ့တယ်လို့ တပ်တွင်းစာအရ သိရပါတယ်။

အဆိုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဗိုလ်ကြီး ထင်ကျော်လင်း အပါဝင် ကျူးလွန်သူတွေကို စစ်စည်းကမ်းနဲ့အညီ အရေးယူရမည်လို့ ကာကွယ်ရေးဦးစီးချုပ် (လေ) လက်မှတ်ရေးထိုးထားတဲ့ စာမှာဖော်ပြထားပါတယ်။ 

အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး  ဗိုလ်ကြီး ထင်ကျော်လင်း ဘက်က ပြန်လည်တုံ့ပြန် ဖြေရှင်းချက်တော့ မရရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013