DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် စစ်ယာဉ်တန်း၊ ရဲစခန်းနှင့် ကညနရုံးတို့ တိုက်ခိုက်ခံရ
DVB
·
October 18, 2021
စစ်ကိုင်းတိုင်းတွင် စစ်ယာဉ်တန်း၊ ရဲစခန်းနှင့် ကညနရုံးတို့ တိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း ထီးချိုင့်၊ တန့်ဆည်နဲ့ မုံရွာမြို့တို့မှာ စစ်ကောင်စီယာဉ်တန်း၊ ရဲစခန်းနဲ့ ကညနရုံးတို့ တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

မုံရွာမြို့က  ကညရုံး အောက်တိုဘာ ၁၈ ရက် မနက် ၄ နာရီ နာရီနဲ့ ဗုံးနဲ့ ပစ်ခံရပြီး ထိခိုက်ဒဏ်ရာရသူ  ရှိမရှိနဲ့ အပျက်အစီးအခြေအနေကိုတော့ မသိရသေးပါဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ကညနရုံးက Non-CDM တွေ ပြည်သူဘက် ကူးပြောင်းဖို့ ရည်ရွယ်ပြီး Red Code Revolution Team၊ MONYWA YOUNG PEOPLE GROUP၊ Northwest Plains Revolutionary Forces နဲ့ YAKHKA NYI NAUNG အဖွဲ့တို့ ပူးပေါင်းဖောက်ခွဲခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

တန့်ဆည်မြို့နယ် နဘတ်ကြီးကျေးရွာက ရဲကင်းစခန်း အောက်တိုဘာ ၁၈ ရက် မနက် ၂ နာရီလောက် ဗုံးခွဲတိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးသွားပြီးနောက်  လာရောက်စစ်ဆေးတဲ့ စစ်ကား မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “ညကပေါက်ကွဲပြီး မီးလောင်သွားတယ်၊ ပင်မရုံးခန်းပါသွားတယ်လို့‌ပြောတယ်။ အရင်ရက်က စခန်းထဲ ရဲရောစစ်သားရော ၅၀ လောက်ရှိတယ်။ အခု ကပေါင်းကျရွာဘက် စစ်ကြောင်းဆင်းသွားကြတော့ စခန်းမှာ သိပ်မရှိဘူး။ ရှိတဲ့သူကလည်း ပေါက်ကွဲတော့ ထွက်ပြေးကြတယ်ထင်တယ် ဘယ်သူမှ မီးမငြိမ်းတော့ အကုန်လောင်သွားတယ်” လို့ ပြောပါတယ်။

ရဲစခန်း၊ စစ်ကောင်စီကားတစ်စီးနဲ့ ဆိုင်ကယ်နှစ်စီးတို့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ၁ ဦးသေ ၂ ဦး ဒဏ်ရာရသွားတယ်လို့ တန့်ဆည် ပြည်သူ့ရဲဘော်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလ ၁၆ ရက်နေ့ကလည်း တန့်ဆည်မြို့နယ် ကံထူးမရဲစခန်း လက်ပစ်ဗုံး တိုက်ခိုက်ခံရတာကြောင့် လက်ရှိမှာ စစ်ကောင်စီက မြို့အဝင်အထွက်တွေ တင်းတင်းကြပ်ကြပ်စစ်ဆေးနေတယ်လို့ သိရပါတယ်။

ထီးချိုင့်မြို့နယ် မောင်းကုန်းရွာ နဲ့ တကောင်းနီကယ်စက်ရုံအနီးမှာလည်း အောက်တိုဘာလ ၁၇ ရက် ည ၈ နာရီကျော်အချိန်က စစ်ကောင်စီတပ် ယာဉ်တန်းကို ထီးချိုင့် PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အတွက် စစ်ကောင်စီတပ်ဘက်က ကား ၁ စီး ပျက်စီးခဲ့ပြီး လူအသေပျောက်ရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013